ဇာတ်ကားများ ရွေးရန်

The Colors Within

2024ဇာတ်ကားအမှတ် 7.0/10101 မိနစ်

The Colors Within (2024) Japanes Title - Kimi no Iro IMDB : 7.1/10, MyAnimeList : 7.6/10 ဒီဇာတ်ကားလေးကတော့ ရိုးရှင်းပြီးစိတ်ပြေလက်ပျောက်ကြည့်ချင်သူများအတွက် ကြည့်ရတာအဆင်ပြေမဲ့ဇာတ်ကားလေးပါနော်။ ဒီကားလေးက ဇာတ်ကောင်လေးတွေရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှု၊လူငယ်ဘဝကို ဖြတ်သန်းလာခဲ့ပုံနဲ့ သီချင်းနဲ့ခံစားချက်တွေကို ထုတ်ဖော်ပြတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့ အကြောင်းအရာက Totsuko-chan ဆိုတဲ့ ကောင်မလေးဟာ မွေးကတည်းက တစ်ခြားသူတွေလို အရောင်ကိုကြည့်မြင်နိုင်ရုံတင်မဟုတ်ဘူး အရောင်တွေရဲ့ သဘာဝကိုခံစားနိုင်စွမ်းရှိတဲ့သူလေးပါ။ ဒီလိုတင်မကဘူး သူဟာလူတွေရဲ့ခံစားချက် အရောင်တွေကိုပါခံစားနိုင်ပါတယ်တဲ့။ တစ်နေ့မှာသူဟာ အရောင်လှလှလေးမြင်ရတဲ့ သူနှစ်ယောက်ဖြစ်တဲ့ Kimi-chan နဲ့ Rui-kun ကိုမြင်လိုက်ရပြီး ဂီတအဖွဲ့ဖွဲ့ဖို့ စိတ်ထင်ပြောမိလိုက်ရာကနေပဲ တကယ်အဖွဲ့လေးဟာ ပေါ်ပေါက်လာခဲ့တယ်။ ဒီလိုလူငယ်လေးတွေဟာ သူတို့ကိုယ်စီရဲ့ခံစားချက်တွေကို သီချင်းမှာချရေးပြီး ကျောင်းပွဲတော်ကြီးမှာ ဘယ်လိုထုတ်ဖော်ဖျော်ဖြေသွားမလဲဆိုတာကို ကြည့်ရှုကြည့်လိုက်ရအောင်.....

ဇာတ်လမ်းအကြောင်း