Dear Zoe
စက်တင်ဘာ ၁၁ ရက် အမေရိကန်မှာ လူအများအပြား အသက်ဆုံးရှုံးခဲ့တဲ့နေ့မှာပဲ ဇိုဝီဆိုတဲ့ ကလေးမလေးလည်း ဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် သူ့သေဆုံးမှုက 9/11 ဖြစ်စဉ်ကြောင့်တော့ မဟုတ်ပါဘူး။ Dear Zoe က ဇိုဝီကို ဆုံးရှုံးလိုက်ရတဲ့ မိသားစုဝင်တွေ၊ အထူးသဖြင့် အစ်မဖြစ်သူ တက်စ်ရဲ့ ပူဆွေးမှုနဲ့ စိတ်ဒဏ်ရာတွေကို ပုံဖော်ထားပါတယ်။ တက်စ်က ညီမလေးသေဆုံးရတာ သူ့ကြောင့်လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတယ်။ ဝမ်းနည်းပူဆွေးမှုအပြင် လိပ်ပြာမလုံတဲ့စိတ်ကိုပါ ခံစားနေရတဲ့ သူတစ်ယောက် ဒီဒဏ်ရာတွေကနေ ဘယ်လိုပြန်သက်သာလာနိုင်မလဲ၊ ညီမလေးကရော ဘယ်လိုဆုံးသွားခဲ့တာလဲဆိုတာ ဇာတ်လမ်းတစ်လျှောက် ဖော်ပြသွားမှာပါ။ တက်စ်အဖြစ် Sadie Sink က သရုပ်ဆောင်ထားပါတယ်။ သူဟာ Stranger Things နဲ့ Taylor Swift ရဲ့ All Too Well ဇာတ်လမ်းတိုမှာလည်း ပါဝင်ခဲ့သူပါ။
ဇာတ်လမ်းအကြောင်း