ဇာတ်ကားများ ရွေးရန်

Cop Land

1997ဇာတ်ကားအမှတ် 6.8/10104 မိနစ်

Cop Land (1997) James Mangold ရိုက်ကူးထားတဲ့ ၁၉၉၇ ခုနှစ်ထုတ် သည်းထိတ်ရင်ဖို ဒရာမာကား "Cop Land" ရုပ်ရှင်ဇာတ်ကားကြီးက အကောင်းဆုံး ရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်ပြီး Sylvester Stallone လို အက်ရှင်မင်းသားကို မတူညီတဲ့ ပုံစံမျိုးနဲ့ တွေ့မြင်စေမှာ ဖြစ်ပါတယ်။ Robert De Niro, Harvey Keitel, Ray Liotta စတဲ့ ထိပ်တန်းသရုပ်ဆောင်တွေလည်း ပါဝင်တာကြောင့် ကြည့်ရှုသူတွေအတွက် လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ နယူးယောက်ရဲတပ်ဖွဲ့မှ ရဲများနေထိုင်ရာ Garrison ဆိုတဲ့ ငြိမ်းချမ်းယောင်ဆောင်ထားသော မြို့လေးတစ်မြို့၏ အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ရဲတွေရဲ့ အကျင့်ပျက်ခြစားမှု၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ဥပဒေချိုးဖောက်နေတဲ့ ဥပဒေဘက်တော်သားများကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်အများစုကို ဦးဆောင်နေသူမှာ ဒုတိယရဲအုပ်ကြီး Ray Donlan က ဘယ်လိုနည်းလမ်းနဲ့မဆို သူ့လူတွေကို ကာကွယ်ပေးတတ်သူတစ်ယောက်ဖြစ်ပါတယ်။ ရဲအရာရှိ Freddy Heflin က နားမကြားတဲ့ ရဲအရာရှိငယ်လေးတစ်ဦးဖြစ်ပြီး၊ မတော်တဆမှုတစ်ခုဖြစ်ပြီးနောက် Freddy က သူ့ရဲ့ မိတ်ဆွေရဲတပ်ဖွဲ့တွေရဲ့ လျှို့ဝှက်ချက်တွေကို တဖြေးဖြေး သိရှိလာခဲ့ပါတယ်။ သူ့အိမ်နဲ့အသက်ကိုပါစွန့်စားပြီး ဖုံးကွယ်နေတဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ဖရတ်ဒီတစ်ယောက် ဘာတွေကို တွေ့ရှိရမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုပေးကြပါအုံး။ File size… (1.7 GB) / (820 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mp4 Genre…. Crime, Drama, Thriller Duration…. 01:45:05 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း