How to Train Your Dragon
၂၀၁၀ ခုနှစ်ထွက် How to Train Your Dragon ရဲ့ဇာတ်လမ်းက ဗိုက်ကင်းတွေ နေထိုင်တဲ့ ကျွန်းတစ်ကျွန်းမှာ စပါတယ်။ အဲဒီရွာက လူတွေ အမြဲလိုလို ရင်ဆိုင်နေရတဲ့ ပြဿနာက နဂါးတွေပါ။ တချို့ညတွေမှာ နဂါးတွေ ဝင်လာပြီး အစားအသောက်တွေ ခိုးယူသွားကြသလို အိမ်တွေကိုလည်း မီးရှို့သွားတတ်တယ်။ ဒါကြောင့် ရွာကအိမ်တွေကို ခဏခဏ ပြန်ဆောက်နေကြရပါတယ်။ ဒီရွာမှာ ဟစ်ကပ်ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိတယ်။ သူက ဗိုက်ကင်းတွေထဲမှာ အားအနည်းဆုံးဖြစ်လို့ ရွယ်တူတွေလို နဂါးဖမ်းရမယ့်အစား လက်နက်တိုက်မှာ အကူလုပ်နေရသူပါ။ ဗိုက်ကင်းတစ်ယောက် သတ္တိရှိကြောင်း ပြချင်ရင် အနည်းဆုံး နဂါးတစ်ကောင်ကို ဖမ်းနိုင်၊ သတ်နိုင်ရမှာဆိုတော့ လူကောင်သေးတဲ့ ဟစ်ကပ်လည်း နဂါးတစ်ကောင်ဖမ်းပြီး ကိုယ့်အစွမ်းကို ပြချင်နေတယ်။ တစ်နေ့မှာတော့ သူကိုယ်တိုင် ထွင်ထားတဲ့ နဂါးဖမ်းလက်နက်နဲ့ နိုက်ဖျူရီတစ်ကောင်ကို မတော်တဆ ဖမ်းမိသွားပါတယ်။ သူဖမ်းမိလိုက်တာက နဂါးတွေထဲမှာ အမြန်ဆုံးနဲ့ အဖမ်းရအခက်ဆုံး နဂါးတစ်ကောင် ဖြစ်နေတယ်။
ဇာတ်လမ်းအကြောင်း