ဇာတ်ကားများ ရွေးရန်

Huang Feihong: The Black Yamen

2025ဇာတ်ကား89 မိနစ်

Wong Fei-hungလို့ဆိုလိုက်တာနဲ့ မင်းသားကြီး Jet Liရဲ့ နာမည်ကြီးဇာတ်ကား Once upon a time in China (Wong Fei-hung) ကိုပြေးမြင်ကြမယ်ထင်ပါတယ်။ အက်ရှင်ကွန်ဖူးနှစ်သက်သူတွေအတွက် အလွမ်းပြေ ၂၀၂၅ခုနှစ်ထွက် အသစ်စက်စက် Huang Feihong: The Black Yamenကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချင်းခေတ်နှောင်းပိုင်းမှာ တရုတ်ပြည်ကို အနောက်တိုင်းသားတွေကျူးကျော်လာပြီး ကွမ်ကျိုးမှာ ဘိန်းအရောင်းအဝယ်တွေလုပ်ပြီးပြည်သူတွေကိုဖျက်ဆီးရုံမကပဲ မိန်းကလေးတွေကိုပါ ဖမ်းဆီးပြီး ရောင်းစားတဲ့ဖြစ်ရပ်တွေဖြစ်လာခဲ့ပါတယ်။ နယ်ခံအုပ်ရေးရေးမှူးကလဲ လာဘ်စားပြီး အနောက်တိုင်းသားတွေနဲ့ ပူးပေါင်းနေတဲ့အတွက် ပြည်သူတွေဟာဒုက္ခတွေကြားမှာ အားကိုးရာမဲ့နေပါတယ်။ မတရားမှုတွေကိုလက်ပိုက်ကြည့်မနေနိုင်တဲ့ ကွန်ဖူးဆရာကြီး ဟွမ်ဖေးဟုန်က သူတစ်ကိုယ်ထဲ လူမိုက်ဂိုဏ်းနဲ့ အကျင့်ပျက်အရာရှိကို ရင်ဆိုင်ပြီး ပြည်သူတွေကိုယ်စား ချင်းအစိုးရနဲ့ပူးပေါင်းပြီး အနောက်တိုင်းသားတွေကို မောင်းထုတ်ဖို့ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်ဆောင်မင်းသားက မျက်နှာသစ်လူငယ်သရုပ်ဆောင် ဖြစ်ပေမယ့် အက်ရှင်ပိုင်းမှာပိုင်နိုင်တဲ့အတွက် Jet Li ကိုမီမမီကတော့ ပရိသတ်ပြီးပဲ ဆုံးဖြတ်ကြည့်လိုက်ပါဦး။ Filesize : 1.53 GB / 818 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action, Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း