Case Closed: The Million-Dollar Pentagram
Detective Conan: The Million Dollar Pentagram (2024) IMDB - 6.7/10, MyAnimeList - 7.9/10 ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Detective Conan: The Million Dollar Pentagram ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်လမ်းက Hokkaido မှာရှိတဲ့ Onoe မိသားစုတစ်စုဆီက ရတနာခိုးယူဖို့ကြံစည်နေတဲ့ Kaitou Kid ကို လိုက်ဖမ်းရာကနေ စတာပါ။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို လူသတ်မှုတစ်ခု ဖြစ်သွားပြီး ကိစ္စတွေက ပိုရှုပ်ထွေးလာပါတယ်။ အဲဒီမှာ Conan နဲ့ Hattori တို့ဟာ သတ်ဖြတ်သူကို ဖော်ထုတ်ဖို့ ကြိုးစားရင်း ရတနာရှာပုံတော် ဖွင့်ရပါတော့တယ်။ ဒီဇာတ်ကားက လျှို့ဝှက်ဆန်းကြယ်မှုတွေ၊ အက်ရှင်ခန်းတွေနဲ့ ပြည့်နှက်နေသလို Conan, Hattori နဲ့ Kaitou Kid တိုရဲ့ အပြန်အလှန်အချေအတင် ပြောဆိုမှုလေးတွေကလည်း အရမ်းကို ရယ်စရာကောင်းပါတယ်။ IMDb Rating 6.7/10 လည်းရရှိထားတာမို့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို ပြောလို့ရပါတယ်။ သေချာတာတစ်ခုကတော့ ဒီဇာတ်ကားဟာ Conan ပရိသတ်တွေကိုရော၊ Conan ကို ပထမဆုံးကြည့်မယ့် သူတွေအတွက်ပါ စွဲဆောင်နိုင်မှာပါ။ အေးအေးလူလူ ဇာတ်ကားကြည့်ရတာကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ဒီဇာတ်ကားလေးကို ကြည့်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ...။
ဇာတ်လမ်းအကြောင်း