ဇာတ်ကားများ ရွေးရန်

Judgment at Nuremberg

1961ဇာတ်ကားအမှတ် 8.0/10191 မိနစ်

ဒုတိယကမ္ဘာစစ်အပြီး စစ်ရှုံးဂျာမနီနိုင်ငံရဲ့ ခေါင်းဆောင်တွေကို စစ်ခုံရုံးတင် စစ်ဆေးခဲ့တဲ့ ကမ္ဘာကျော် နူရင်ဘတ်စစ်ခုံရုံးက တရားစီရင်မှုတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Best Actor နဲ့ Best Adapted Screenplay မှာ Oscars နှစ်ဆုအထိ ရခဲ့ပါတယ်။ Best Actor ရခဲ့တဲ့ မင်းသား Max. Schell ဟာ တရားခံရှေ့နေအဖြစ် သရုပ်ဆောင်ခဲ့ပြီး ခုံရုံးတင်ခံထားရတဲ့ ဂျာမန်တရားရေးအရာရှိတွေကိုယ်စား စကားလုံးထိုးနှက်ချက် အလှအပတွေနဲ့ ခုခံချေပခဲ့တာပါ။ ဒုတိယကမ္ဘာစစ်မီး လောင်ကျွမ်းရတာဟာ ဂျာမနီနိုင်ငံတစ်နိုင်ငံတည်းကြောင့် ဆိုတဲ့ အတွေးအခေါ်ကို ရိုက်ချိုးပြသွားပြီး ကပ်ဆိုးကြီးအတွက် တစ်ကမ္ဘာလုံး တာဝန်ရှိကြောင်း ရဲရဲတောက် တင်သွင်းခဲ့တယ်။ တစ်ဖက်က အမေရိကန်ရှေ့နေ စစ်အရာရှိကလည်း ဂျာမန်တွေရဲ့ သန်းနဲ့ချီတဲ့လူမျိုးတုံး သတ်ဖြတ်မှုအတွက် တရားရေးအရာရှိတွေက တစ်ထောင့်တစ်နေရာကနေ တာဝန်ရှိကြောင်း သက်သေအထောက်အထားပြည့်စုံစွာ ပြသခဲ့ပြီး ရှေ့နေနှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုဟာ တကယ့်တရားခွင်ကို ရောက်သွားသလို ခံစားရမှာပါ။ တရားသူကြီးဟေးဝုဒ်ကလည်း အမှန်တရားရဲ့ ဘက်တော်သားပီပီ အမေရိကန်ဘက်လည်း မလိုက်ခဲ့သလို ဂျာမန်တွေကိုလည်း မျက်နှာမလိုက်ဘဲ ထိမိတဲ့ စကားလုံးတွေနဲ့ တရားစီရင်မှုကို အကောင်းဆုံး ထိန်းချုပ်သွားပုံကို ပြသခဲ့ပါတယ်။ ဂျာမန်တွေရဲ့ ခံစားချက်ကိုလည်း ထည့်သွင်းရိုက်ပြထားပြီး ဒီကြားထဲကနေ တရားမျှတတဲ့ ဆုံးဖြတ်ချက်ရမယ့် တရားသူကြီး ဟေးဝုဒ်ရဲ့ Brainstorming လုပ်ပုံကိုလည်း အကောင်းဆုံး ခံစားရမှာပါ။ လူ့ယဉ်ကျေးမှု၊ တာဝန်ယူမှု၊ လူသားဆန်မှု စတဲ့ လူ့အသိုင်းအဝိုင်းအတွက် အရေးကြီးတဲ့ ကျင့်ဝတ်တွေကို တဖြည်းဖြည်းဆီ ကြည့်ရှုသူတွေရဲ့ ခေါင်းထဲကို ရိုက်ထည့်သွားမယ့် ရုပ်ရှင်ကောင်းတစ်ခု ဖြစ်ပါတယ်။ Quality.....Blu-Ray 1080p / 720p File Size.....(3.1 GB) / (1.9 GB) Genre.....Drama, History, War Duration.....02:59:00

ဇာတ်လမ်းအကြောင်း