Crying Fist
ဂန်ထယ်ရှစ်ဟာ တစ်ချိန်က ငွေတံဆိပ်ရခဲ့တဲ့ လက်ဝှေ့သမားတစ်ယောက်ပါ။ အခုတော့ ရင်းနှီးသူရဲ့ သစ္စာဖောက်မှုကို ခံထားရပြီး အကြွေးတွေနဲ့ ဝိုင်းနေတယ်။ စားဝတ်နေရေးအတွက် ဆိုးလ်မြို့လယ်မှာ ဖြတ်သွားဖြတ်လာတွေဆီက ပိုက်ဆံယူပြီး သူတို့ဒေါသပြေဖို့ စိတ်ကြိုက်အထိုးခံနေရပါတယ်။ ဇနီးကလည်း မကြာခဏ ကွာရှင်းဖို့ ပြောလာသလို အကြွေးရှင်တွေဆီကလည်း ပြေးနေရတဲ့ သူဟာ လက်ဝှေ့ချန်ပီယံပြိုင်ပွဲတစ်ခု ဝင်ပြိုင်ပြီး ကိုယ့်ဂုဏ်သိက္ခာကို ပြန်ဆယ်ချင်လာတယ်။ ယူဆန်းဟွမ်ကတော့ အချုပ်ကလွတ်လာတာ မကြာသေးခင်မှာပဲ ရပ်ကွက်ထဲက အဘိုးကြီးတစ်ယောက်ဆီက လုယက်မှုနဲ့ ထောင်ကျသွားတဲ့ လူငယ်တစ်ယောက်ပါ။ အမေ ဘယ်ရောက်နေမှန်းမသိဘဲ အဖေနဲ့ အဘွားပဲရှိတဲ့ သူ့အတွက် အဖေက မတော်တဆမှုနဲ့ ဆုံးသွားချိန်မှာ အားကိုးရာ ပိုနည်းသွားတယ်။ လေဖြတ်ပြီး ကျန်ခဲ့တဲ့ အဘွားအားကိုးရသူ၊ ဂုဏ်ယူရသူ ဖြစ်ချင်တဲ့အတွက် ထောင်ထဲမှာ လက်ဝှေ့လေ့ကျင့်ပြီး ချန်ပီယံပြိုင်ပွဲကို ဝင်ပြိုင်လာပါတယ်။ Choi Min-sik ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီအက်ရှင်၊ အားကစားဒရာမာမှာ ကိုယ့်မျှော်လင့်ချက်နဲ့ကိုယ် လက်ဝှေ့ကွင်းထဲ ရောက်လာတဲ့ သူတို့နှစ်ယောက် ဆုံကြရတယ်။ နှစ်ယောက်စလုံးအတွက် အရေးပါတဲ့ ဒီပွဲမှာ ဘယ်သူ အနိုင်ရသွားမလဲ။
ဇာတ်လမ်းအကြောင်း