Camila Comes Out Tonight
အဘွားနေမကောင်းဖြစ်နေလို့ အထက်တန်းကျောင်းသူ ကာမီလာဟာ အမေ၊ ညီမလေးတို့နဲ့အတူ အဘွားအိမ်ကို ပြောင်းလာရပါတယ်။ မြို့အသစ်က ကျောင်းအသစ်မှာ သိတဲ့သူမရှိသေးတော့ တစ်ယောက်တည်း ယောင်လည်လည် ဖြစ်နေခဲ့တယ်။ နောက်ပိုင်း သူငယ်ချင်းတွေ ရလာပေမဲ့ အရာရာက ထင်သလောက် အဆင်မပြေဘဲ အခက်အခဲတွေ ထပ်ကြုံလာရပါတယ်။ ကာမီလာတို့ဟာ နိုင်ငံရေးကို စိတ်ဝင်စားကြပြီး အထူးသဖြင့် အမျိုးသမီးအခွင့်အရေးအတွက် တက်တက်ကြွကြွ လှုပ်ရှားကြသူတွေပါ။ သူ့ဘဝအပြောင်းအလဲတွေနဲ့အတူ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေး၊ အမျိုးသမီးတွေ အခွင့်အရေးဆုံးရှုံးနေရမှုတွေကိုပါ ရောယှက်တင်ပြထားတယ်။ ဆယ်ကျော်သက်တွေနဲ့ မိဘတွေကြားက ဆက်ဆံရေးအခက်အခဲတွေကိုလည်း ဆဲဆိုအော်ဟစ်တဲ့ ပုံစံမျိုးမဟုတ်ဘဲ အေးအေးဆေးဆေး ဖော်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း