Bangalore Naatkal
Bangalore Naatkal (2016) "ဘန်ဂလိုအိပ်မက်များ" ဘ၀အတွက် ကြိုးစားရုန်းကန်နေကြတဲ့ လူငယ်တွေအတွက် တွေးစရာတွေအများကြီးရစေမဲ့ တမီလ်စကားပြော ဟာသ-ဒရမ်မာရုပ်ရှင်တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းဟာ ၂၀၁၄ ခုနှစ်ရဲ့ "Bangalore Days" ရုပ်ရှင်ကို remake အဖြစ် ပြန်လည်ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ မတူညီတဲဲ့လမ်းတစ်ခုစီ လျှောက်နေကြတဲ့ ၀မ်းကွဲမောင်နှမသုံးယောက်ကို အခြေတည်ပြီး ရိုက်ကူးပုံဖော်ထားတာပါ။ မိဘတွေပုံသွင်းတဲ့အတိုင်း နေထိုင်ခဲ့ပြီး မိဘပေးစားတဲ့သူကို လက်ထပ်ရမဲ့ ဒေဗ်ယာ (အမ်မူ)... ကိုယ့်ဘ၀လမ်းကြောင်းကိုတောင် မိဘရဲ့ရွေးချယ်မှုအတိုင်း လျှောက်လှမ်းခဲ့ရတဲ့ ကန်နန် (ကွတ်တီ)... ငယ်ငယ်ကတည်းက သူများပုံသွင်းတာမခံဘဲ ကိုယ့်ဘ၀ကိုယ်ဆုံးဖြတ်ပြီး အိမ်ပြေးလုပ်ခဲ့တဲ့ အာဂျွန် (အာဂျူး)... အဲဒီ၀မ်းကွဲမောင်နှမသုံးယောက်မှာ မတူညီတာတွေများပေမဲ့ တူညီတဲ့အချက်ကတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး သူငယ်ချင်းပေါင်း ပေါင်းကြတဲ့အချက်ပါ။ သူတို့ရဲ့နောက်ထပ်တူညီတဲ့ ငယ်အိပ်မက်တစ်ခုကတော့ ဘန်ဂလိုမြို့တော်ကြီးဆီ ပျော်ပျော်ပါးပါးသွားရဖို့ပါပဲ... တစ်နေ့တော့ ဒေဗ်ယာက ဘန်ဂလိုမှာနေတဲ့ သတို့သားကိုလက်ထပ်ပြီး ဘန်ဂလိုသွားရဖို့ ဖြစ်လာသလို၊ ကန်နန်ကလည်း ဘန်ဂလိုမှာ အလုပ်လုပ်ရဖို့ အကြောင်းဖန်လာတဲ့အခါ... မတူညီတဲ့ဘ၀တွေနဲ့ မောင်နှမသုံးယောက် ဘာတွေဆက်ဖြစ်လာမလဲ၊ သူတို့ဘ၀တွေ ဘယ်လိုပြောင်းလဲသွားမလဲ၊ သူတို့အိပ်မက်တွေ တကယ်ဖြစ်လာမလားဆိုတာကို ဟာသနဲ့ဒရာမာနှောပြီး ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ B Team ဖြစ်ပါတယ်။) File size…2.9 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder…B Coder Translated by B Team
ဇာတ်လမ်းအကြောင်း