Mama
Mama (2011) အခုလက်ရှိပြသနေတဲ့ My Troublesome Starမှ မင်းသမီးကြီး Uhm Jung-Hwaရဲ့ ဇာတ်ကားဟောင်းလေးတစ်ခုကို မိတ်ဆက်ပေးပါရစေ။ မိခင်မေတ္တာကိုဖော်ညွှန်းတဲ့ ဒီကားလေးထဲမှာတော့ Jeon Soo-Kyeong နှင့် Kim Hae-Sook စသည့် မင်းသမီးကြီးများ၏ အပြိုင်အဆိုင် သရုပ်ဆောင်မှုများကိုလည်း ကြည့်ရူခံစားကြရမှာဖြစ်ပါတယ်နော်။ ဒီဇာတ်လမ်းလေးမှာတော့ မတူညီတဲ့မိသားစု သုံးစုမှ အရွယ်သုံးပါး နယ်ပယ်မတူကြတဲ့ ကမ္ဘာအသန်မာဆုံးလူသားများဖြစ်ကြတဲ့ မေမေများရဲ့ သားသမီးအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာကို ခံစားကြရမှာဖြစ်ပြီး သားသမီးနဲ့ အမေများရဲ့ အချင်းချင်းစိတ်ခံစားချက်ထားရှိကြပုံများကို သဘာဝကျကျမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒုံဆူကတော့ တစ်ကိုယ်တော်မေမေဖြစ်ပြီး ဒိန်ချဥ်ရောင်းရင်း အလုပ်တွေလုပ်ရင်းနဲ့ ကြွက်သားအားနည်း နာတာရှည်ရောဂါသည် သားလေးဝန်းဂျယ်ကို ကျွေးမွေးစောင့်ရှောက်နေရသူဖြစ်ပါတယ်။ သားအမိနှစ်ဦး ကမ္ဘာပတ်ကြရန် ရည်ရွယ်ထားပြီး အကောင်းမြင် စိတ်ထားကြတဲ့သူတို့ဆီ ကင်ဆာရောဂါဆိုတဲ့ကပ်ဆိုးကြီးရောက်ရှိလာပါတော့တယ်။ အွန်းဆောင်းကတော့ သမီးလေးယွန်းဒူရဲ့မေမေဖြစ်ပြီး ကိုရီးယားနိုင်ငံကိုယ်စားပြု နာမည်ကျော်ဆိုပရာနိုဂျန်းဟီးဂယောင်းရဲ့ သမီးအဖြစ် တစ်သက်လုံးအမေ့အရိပ်အောက်မှ မလွတ်မြောက်နိုင်တာကြောင့် စိတ်ထိခိုက်နေသူဖြစ်ပါတယ်။ အမေကြောင့် အဆိုတော်ဖြစ်ချင်ခဲ့ပြီး အမေကြောင့်ပဲ ထိုအိပ်မက်ကိုလက်လျှော့ခဲ့တဲ့ အွန်းဆောင်းဟာ နောက်ဆုံးမှာ အိပ်မက်ဆီအရောက်လှမ်းနိုင်မှာလား တစ်ဖက်မှာတော့ ဂူဆွန်းချောဟာ ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမေတစ်ခု သားတစ်ခုနေထိုင်နေသူဖြစ်ပါတယ်။ အချစ်ရဆုံးသောအမေမှာ တစ်နေ့ရောဂါဖြစ်လာပြီး ခွဲစိတ်ဖို့ခေါင်းမာနေတဲ့ သူ့အမေရဲ့ ငယ်ချစ်ဦးကို ပြန်လည်တွေ့ရရန်ဆန္ဒကို အကောင်ထည်ဖော်ပေးနိုင်ရန်အစွမ်းကုန်ကြိုးစားကပုံများကို ကြည့်ရူခံစားကြရမှာဖြစ်ပါတယ်။ File Size - 1.6 GB/ 750 MB Quality - WEB-DL 1080p/ 720p Duration - 1h 50m Format - mp4 Genre - Drama Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း