ဇာတ်ကားများ ရွေးရန်

The Tasters aka Le assaggiatrici

2025ဇာတ်ကားအမှတ် 6.7/10123 မိနစ်

Le Assaggiatrici (2025) IMDb: 6.5/10 ဒီဇာတ်ကားလေးကတော့ စာရေးဆရာ Rosella Postorino ရဲ့ နာမည်ကြီးဝတ္ထုကို အခြေခံပြီး ဒါရိုက်တာ Silvio Soldini က ရိုက်ကူးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ မာဂေါ့ဝုခ် (Margot Wölk) လို့ခေါ်တဲ့ အမျိုးသမီးက စစ်ကြီးပြီးဆုံးသွားတဲ့နောက်ပိုင်း သူမဟာ ဟစ်တလာရဲ့ အစားအစတွေကို အစမ်းစားပေးခဲ့ရ သူတစ်ဦးဖြစ်ခဲ့တယ်ဆိုတာ ထုတ်ဖေါ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းအပေါ် အခြေခံထားပါတယ်။ ဇာတ်လမ်းအကျဉ်း ရိုဆာ ဇိုအာဆိုတဲ့ အမျိုးသမီးဟာ ခင်ပွန်းရှိရာ ကျေးလက်ရွာလေးကို လိုက်လာရင်း ရုရှားကိုစစ်ထွက်သွားတဲ့ အမျိုးသား ပြန်အလာကို ယောက္ခမမိသားစုနဲ့အတူ စောင့်စားနေပါတယ်။ တစ်နေ့မှာ ရိုဆာ့ကို ဂျာမနီစစ်သားတွေကခေါ်ဆောင်သွားခဲ့ပြီး သူမနဲ့အတူ အခြားအမျိုးတွေကိုပါ နေ့လယ်စာကျွေးခဲ့ပါတယ်။ ရိုဆာရောက်နေတဲ့ နယ်လေးရဲ့တောထဲမှာတော့ ဟစ်တလာတို့ရဲ့ အဓိကဌာနချုပ်ကို လျှို့ဝှက်အခြေစိုက်ထားတာဖြစ်ပြီး ရိုဆာတို့ကိုလည်း သဘောကောင်းလွန်းလို့ နေ့လယ်စာကျွေးတာမဟုတ်ဘဲ ဟစ်တလာ မစားခင်မှာ အစားအစာထဲ အဆိပ်ပါမပါမြည်းစမ်းစေဖို့ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ရိုဆာမျှော်လင့်ထားသလိုဖြစ်မလာဘဲ ခင်ပွန်းဖြစ်သူဟာ ရုရှားမှာ စစ်ဆင်ရေးလုပ်ရင်း ပျောက်ဆုံးနေတာကို ကြေးနန်းရခဲ့ပြီး ရိုဆာ အကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီး ထိုငရဲခန်းကနေ ထွက်ပြေးဖို့ တခြားအမျိုးသမီးတွေနဲ့အတူ ကြိုးပမ်းပါတော့တယ်။ အမျိုးသမီးတွေရဲ့ အရေးပါမှုအခန်းကဏ္ဍကိုတွေ့မြင် ရှုစားနိုင်မှာဖြစ်ပြီး စစ်ကြီးကြောင့် ထိခိုက်နစ်နာမှုတွေကိုလည်း အမျိုးသမီးတွေဘက်က အမြင်ကိုပါ ခံစားကြည့်ရှုနိုင်မယ့် ကားလေးပဲဖြစ်ပါတယ်ခင်ဗျာ။ File size…1.8 GB / 900 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း