ဇာတ်ကားများ ရွေးရန်

given The Movie: Hiiragi Mix

2024ဇာတ်ကားအမှတ် 6.8/1071 မိနစ်

Given Movie : Hiiragi Mix (2024) IMDB : 7.6/10, MyAnimeList : 6.9/10 ဒီကားလေးကတော့ Given ဇာတ်ကားရဲ့ ခွဲထွက်ထားတဲ့ တစ်ခြား Character တွေရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်ရှင့်။ ချစ်ရည်လူးတဲ့ ဇာတ်ဝင်ခန်းလေးတွေလည်းပါတာမလို့ ဒါမျိုးတွေကြိုက်တတ်တဲ့ BL Fan လေးတွေအတွက် ကြည့်ရှုဖို့တိုက်တွန်းပါတယ်နော်။ ဇာတ်ကားလေးရဲ့ အကြောင်းအရာကတော့ Hiiragi နဲ့ Shizusumi တို့ကြားက အချစ်ပန်းလေး ဘယ်လိုဖူးပွင့်လာရလဲဆိုတာကို ပြသထားတာဖြစ်ပါတယ်။ Hiiragi တို့အဖွဲ့ဟာ သီချင်းဆိုဖို့ပွဲထွက်ရတော့မှာဖြစ်ပြီးတော့ အခုတက်လာမဲ့ပွဲမှာ သူတို့အဖွဲ့ရဲ့ဆုံးသွားတဲ့ သူငယ်ချင်းဟောင်း Yuki ဆိုတဲ့ကောင်လေးရဲ့ သီချင်းကို ပြန်ရေးပြီးနောက်ဆုံးအနေနဲ့ဖျော်ဖြေပေးဖို့ကိုပြင်ဆင်နေကြပါတယ်။Hiiragi ဟာ သူ့အရင်သူငယ်ချင်း Yuki ရဲ့တေးဂီတပါရမီကို လေးစားပြီးအားကျခဲ့ရတဲ့အတွက် သူ့နားမှာပဲအမြဲတစ်ပူးတွဲတွဲရှိနေခဲ့တယ်။ဒါကို Shizu ဟာ Hiiragi ကို ကြိတ် crush နေပြီးတော့ နောက်ကွယ်ကနေပဲပွဲကြည့်ပရိတ်သတ်လို ငေးနေရုံမှအပ ဘာမှမတတ်နိုင်ခဲ့ဘူး။အခု Yuki လည်းဆုံးသွားပြီဖြစ်တော့ သူ့ရဲ့သီချင်းကိုဆက်ဆိုဖို့ပြင်ဆင်နေတုန်းမှာပဲ Hiiragi ဟာ Yuki ကိုလေးစားမြတ်နိုးတာလောက်ပဲရှိပြီး Shizu ကိုမှတကယ်ချစ်နေတာဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားခံစားချက်တွေ အပြန်အလှန်ရှိနေကြရင်း ဘယ်လိုလေးအချစ်ဇာတ်လမ်းကိုခင်းသွားကြမလဲဆိုတာ အားလုံးပဲကြည့်ရှုလိုက်ကြရအောင်နော်...။

ဇာတ်လမ်းအကြောင်း