ဇာတ်ကားများ ရွေးရန်

Two Souls

2023ဇာတ်ကား134 မိနစ်

အာခေးလ်ဟာ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူပရီယာ ဖောက်ပြန်သွားတဲ့နောက် ကိုယ့်အသက်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားမိပါတယ်။ အဲဒီအချိန် ကားမတော်တဆမှုဖြစ်ပြီး အသက်မသေပေမယ့် မေ့မြောသွားတယ်။ သူ့စိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ လွင့်မျောနေချိန်မှာပဲ အဲဒီဆေးရုံထဲက မေ့မြောနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဝိညာဉ်နဲ့ ဆုံတွေ့လာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီမိန်းကလေးရဲ့နာမည်ကလည်း ပရီယာပါပဲ။ ပတ်ဝန်းကျင်ကလူတွေနဲ့ ဆက်သွယ်လို့မရတဲ့ သူတို့နှစ်ယောက်ဟာ အချင်းချင်း စကားပြော၊ ရင်ဖွင့်ရင်း ခံစားချက်တွေ ဖလှယ်လာကြတယ်။ သူတို့ကို လက်တွေ့ကမ္ဘာနဲ့ ချိတ်ဆက်ပေးနေတဲ့ ခွေးလေးတစ်ကောင်လည်း ရှိနေပါသေးတယ်။ ဝိညာဉ်ဘဝမှာ သူတို့ ဘယ်လိုဖြတ်သန်းကြမလဲ၊ ခွေးလေးကတစ်ဆင့် လက်တွေ့ကမ္ဘာနဲ့ ဘယ်လိုဆက်သွယ်ကြမလဲဆိုတာနဲ့အတူ အာခေးလ်ရဲ့ အသည်းကွဲဒဏ်ရာ တဖြည်းဖြည်း ကုစားလာပုံကို ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း