The Takeover
Mel ဟာ ငယ်ငယ်ကတည်းက ကွန်ပျူတာကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အခုတော့ ဆော့ဝဲတွေမှာ အမှားရှိမရှိ စစ်ဆေးတဲ့အလုပ် လုပ်နေပါတယ်။ နောက်ကွယ်မှာလည်း သူငယ်ချင်းတွေနဲ့အတူ ဟက်ကာအဖြစ် မကောင်းတဲ့သူတွေကို ပစ်မှတ်ထားပြီး လူတွေကို ကူညီပေးနေတယ်။ တစ်နေ့မှာ ယာဉ်မောင်းမပါဘဲ အလိုအလျောက်မောင်းတဲ့ ဘတ်စ်ကားတစ်စီးရဲ့ ဆော့ဝဲကို စစ်ပေးရင်း ထူးဆန်းတဲ့ ကုဒ်တစ်ခု တွေ့သွားပါတယ်။ အဲဒီကုဒ်ကို ရှင်းပစ်ခဲ့ပြီးနောက် သူငယ်ချင်းတွေနဲ့ လူတစ်ယောက်ကို ဟက်ခဲ့တယ်။ ဟက်ပြီးတဲ့အချိန်မှာပဲ Mel ရဲ့အိမ် ဖောက်ထွင်းခံလိုက်ရပါတယ်။ အဲဒီနောက် အခြေအနေတွေ ပိုဆိုးလာပြီး သူ့နောက်ကို လူတွေ နောက်ယောင်ခံလိုက်လာကြတယ်။ လူသတ်မှုကျူးလွန်တယ်လို့ပါ စွပ်စွဲခံလာရချိန်မှာ Mel ဘာလုပ်မိခဲ့တာလဲ၊ သူ့မှာ အပြစ်မရှိကြောင်း ဘယ်လိုသက်သေပြမလဲဆိုတာကို ဆက်ဖော်ပြထားတဲ့ မှုခင်းအက်ရှင်၊ သည်းထိတ်ရင်ဖိုဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း