ဇာတ်ကားများ ရွေးရန်

One Hit Wonder

2025ဇာတ်ကားအမှတ် 6.1/10112 မိနစ်

One Hit Wonder (2025) ++++++++++++++ One Hit Wonder ကတော့ ၂၀၂၅ ခုနှစ်မှာ Netflix ကပြသတဲ့ဖိလစ်ပိုင်ဇာတ်ကားတစ်ကားဖြစ်ပြီး ၁၉၉၀ ခုနှစ်တွေက ဖိလစ်ပိုင်ဂီတလောကရဲ့နောက်ခံနဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားပါတယ်။ ၁၉၈၄ ခုနှစ်က လိုရီနာဟာ အဆိုတော်ဖြစ်ဖို့အိပ်မက်ကို စွန့်လွှတ်ခဲ့ရသူဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ခုမှာ အဆိုပြိုင်တဲ့အခါ စိတ်လှုပ်ရှားတာကြောင့် ကျရှုံးခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာပြီးတဲ့နောက် ၁၉၉၀ ခုနှစ်တွေမှာ နေ့ခင်းဘက်ဆိုရင် အခွေဆိုင်မှာနဲ့ ညဘက်ဆိုရင် ညီမဖြစ်သူ Lyn-Lyn ရဲ့လက်ထောက်အဖြစ် အလုပ်လုပ်နေခဲ့ပါတယ်။ အန်တွိုင်းကတော့ ဂီတသမားတစ်ဦးဖြစ်ပြီး သူ့တီးဝိုင်းနာမည်ကြီးလာဖို့ ရည်မှန်းထားသူဖြစ်ပါတယ်။ အန်တွိုင်းနဲ့တီးဝိုင်းသားတွေက လိုရီနာရဲ့သီချင်းဆိုသံကို ကြားရပြီးတဲ့နောက် တီးဝိုင်းထဲဝင်ဖို့ ဖိတ်ခေါ်ခဲ့ကြပါတယ်။ အဲဒီနောက် လိုရီနာနှင့်အန်တွိုင်းတို့ဟာ အတူတကွ ဂီတခရီးကို စတင်ခဲ့ကြပြီး သူတို့ရဲ့ခံစားချက်တွေလည်း ချစ်ခြင်းမေတ္တာအဖြစ်ပုံစံပြောင်းလဲလာခဲ့ကြပါတော့တယ်။ One Hit Wonder ဟာ ၁၉၉၀ ခုနှစ် တစ်ခေတ်ဖြစ်ခဲ့တဲ့ဖိလစ်ပိုင်ဂီတနဲ့ယဉ်ကျေးမှုကို ပြန်လည်ပုံဖော်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဂီတနဲ့ ၁၉၉၀ ခုနှစ်နောက်ခံဇာတ်လမ်းကို ကြိုက်နှစ်သက်သူတွေအတွက် စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File Size… (1.67GB) / (892MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 52m Genre ….Drama , Music , Romance Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း