ဇာတ်ကားများ ရွေးရန်

Gamer

2009ဇာတ်ကားအမှတ် 5.7/1095 မိနစ်4K

ချမ်းသာပြီး နာမည်နဲ့ အာဏာပါရှိတဲ့ ကန်ကာဆယ်ဟာ လူတစ်ယောက်ရဲ့စိတ်နဲ့ လှုပ်ရှားမှုတွေကို တခြားတစ်ယောက်က ထိန်းချုပ်ကစားနိုင်တဲ့ ဂိမ်းတစ်ခု တီထွင်လိုက်ပါတယ်။ ထိန်းချုပ်ခံရသူက ပိုက်ဆံရပြီး ကစားချင်သူကတော့ ငွေပေးရတယ်။ ကန်ကာဆယ်က လူတွေ ဒီဂိမ်းထဲ ပါဝင်လာအောင် ဆွဲဆောင်ထားပါတယ်။ အဲဒီထက် အဆင့်မြင့်တဲ့ စလေယာစ်ဂိမ်းမှာတော့ ထိန်းချုပ်ခံရသူတွေဟာ သေဒဏ်ကျပြီးသား အကျဉ်းသားတွေပါ။ ကစားသမားတွေက သူတို့ကို ထိန်းချုပ်ပြီး အချင်းချင်း ပစ်ခတ်တိုက်ခိုက်ခိုင်းကြတယ်။ အကျဉ်းသားတွေအတွက် အသက်ရှင်ကျန်ဖို့ ကြိုးစားရတဲ့ ဒီဂိမ်းမှာ အဆင့် ၃၀ လုံးကို ကျော်နိုင်ရင် သေဒဏ်က လွတ်ပြီး အိမ်ပြန်ခွင့်ရမှာပါ။ ဂျွန်ကေဘယ်ကတော့ ချန်ပီယံဖြစ်လာနိုင်သူအဖြစ် ရေပန်းစားနေပြီး သူ့ကို ထိန်းချုပ်ကစားနေသူက ဆိုင်မွန်ဖြစ်ပါတယ်။ တစ်ယောက်က ကစားနေပြီး တစ်ယောက်က အသက်ကိုရင်းထားရတဲ့ ဒီနှစ်ယောက် ဘယ်လိုအခက်အခဲတွေ ကြုံလာရမလဲ၊ အဆင့်အားလုံးကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတာ ဆက်ကြည့်ရမှာပါ။ သိပ္ပံစိတ်ကူးယဉ် အက်ရှင်ဇာတ်ကားဖြစ်ပြီး ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေလည်း ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း