ဇာတ်ကားများ ရွေးရန်

The Dunes

2021ဇာတ်ကားအမှတ် 4.7/1084 မိနစ်

နစ်ခ်ဟာ ဩစတြေးလျကနေ အမေရိကန်က အယ်လေတိုင်းမ်မှာ အလုပ်ရလို့ ပြောင်းသွားခဲ့သူပါ။ ဩစတြေးလျမှာရှိတဲ့ သူ့အိမ်ကို ငှားနေသူက အိမ်လခနှစ်လစာ မပေးဘဲ ပျောက်သွားတာကြောင့် အိမ်ရောင်းဖို့ ပြန်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူ့အိမ်ရှေ့မှာ ဘက်ထရီအားကုန်သွားလို့ အကူအညီလာတောင်းတဲ့ လူတစ်ယောက်နဲ့ ဆုံမိတယ်။ နှစ်ယောက်သား စကားပြောကြရင်း နစ်ခ် အသက် ၁၃ နှစ်လောက်က အထက်တန်းကျောင်းမှာ ရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်အကြောင်း ရောက်သွားပါတယ်။ အဲဒီဆောင်းပါးကြောင့် အခု အကူအညီလာတောင်းသူရဲ့ဘဝ ထိခိုက်ခဲ့ရတာကို နစ်ခ် သိလိုက်ရတယ်။ ကိုယ်ရေးခဲ့တဲ့စာတစ်ပုဒ်ရဲ့ နောက်ဆက်တွဲကို မသိခဲ့တဲ့ နစ်ခ်အတွက် ဒီတွေ့ဆုံမှုကနေ ဘာတွေ ဆက်ဖြစ်လာမလဲ၊ တစ်ဖက်လူက ဘယ်လို ကလဲ့စားချေလာမလဲဆိုတဲ့ မေးခွန်းတွေနဲ့ ဇာတ်လမ်းဆက်ထားတဲ့ သည်းထိတ်ရင်ဖိုကားပါ။

ဇာတ်လမ်းအကြောင်း