ဇာတ်ကားများ ရွေးရန်

Dwarf King Middle Earth Sword

2025ဇာတ်ကားအမှတ် 5.0/10

လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီက လူရင်းဘုရင်နဲ့သူ့ရဲ့ချစ်သူဖြစ်သူဟာ လူပုမျိုးနွယ်ကို သိမ်းပိုက်ဖို့ကြိုးစားခဲ့ပါတယ် လူရိုင်းဘုရင်ရဲ့အကြံအစည်တွေ မအောင်မြင်နိုင်ဖို့အတွက် လူပု မျိုးနွယ် ဘိုးဘေးတွေဟာ သူတို့ရဲ့ အသက်ကိုစတေးပီး လောကနတ်ဓားကို ဖန်တီးလို့ လူရိုင်းဘုရင် ကျွီထျန်းကို ရေခဲအကျည်းထောင်မှာ ဖမ်းထားနိုင်ခဲ့ပြီး သူ့ရဲ့ချစ်သူဖြစ်တဲ့ ယို့သာကိုတော့ အပြတ်ရှင်းနိုင်ခဲ့ပါတယ် နှစ်ပေါင်းတစ်ထောင်ကြာပြီးတဲ့နောက်မှာတော့ လူပုဘုရင်ရဲ့ မွေးစားသားတော် မူရှင်း ဟာ သူ့ရဲ့မျိုးနွယ်စုကြီးတစ်ခုလုံး ပျက်သုဉ်းမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ တစ်ချိန်တည်းမှာပဲ သူချစ်ရတဲ့ အားချင်း ကလည်း ဓားစာခံအဖြစ် ဖမ်းဆီးခံထားရချိန်မှာတော့ ရှေးဟောင်းဒဏ္ဍာရီလာ(လောကနတ်ဓား) ကို ရှာဖွေဖို့အတွက် အသက်ကိုစွန့်ပြီး စွန့်စားခန်းခရီးတစ်ခုကို စတင်ခဲ့ပါတော့တယ်။ ဒီခရီးလမ်းတစ်လျှောက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ မိန်းကလေး မေ့ချန် ကို ကယ်တင်ရင်း မမျှော်လင့်ဘဲ သူ့ရဲ့ဖခင် ဝူဖုန်း က အသက်ကိုစတေးကာ ရှေးဟောင်းအဖြူရောင်မှော်ပညာရဲ့ တံဆိပ်ကို ဖွင့်ပေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အမှောင်လောကရဲ့ အင်အားစုတွေ၊ လောဘသားတွေအားလုံးဟာ တန်ခိုးရှင်ဓားမြတ်ကို ပိုင်ဆိုင်ဖို့အတွက် တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာပါတော့တယ်။ လူရိုင်းဘုရင်ကျွီထျန်းကိုလဲ ပြန်လည်နိုးထအောင်လုပ်ဖို့ကြိုးစားနေတဲ့ သစ္စာခံတစ်ယောက်ကလဲရှိနေပါသေးတယ် မူရှင်းတစ်ယောက် ဒီအခက်အခဲတွေကိုဘယ်လိုဖြတ်ကျော်မယ်ဆိုတာ ရင်တစ်ထိတ်ထိတ်နဲ့ စောင့်ကြည်ရမှာပဲဖြစ်ပါတယ် Filesize : 1.68 GB / 882 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Action , Fantasy Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း