ဇာတ်ကားများ ရွေးရန်

A Few Moments of Cheers

2024ဇာတ်ကားအမှတ် 6.7/1068 မိနစ်

A Few Moments of Cheers (2024) IMDb - 7.1/10, MyAnimeList - 7.2/10 ဇာတ်လမ်းလေးရဲ့အကြောင်းအရာကတော့ ကျောင်းသားလေး Kanata Asaya ဟာ သီချင်းဗီဒီယိုတွေကိုဖန်တီးချင်တဲ့ သူ့ရဲ့အိပ်မက်ကို လောလောလတ်လတ်ရှာဖွေတွေ့ရှိထားသူပါ။ သူကြိုက်တဲ့ရှုခင်းလေးတွေကို ရိုက်ထားတက်ပြီး ကြိုက်တဲသီချင်းလေးတွေကို ပေါင်းစည်းကာ သီချင်းဗီဒီယိုတွေဖန်တီးရတာကို ဝါသနာပါသူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ ကျောင်းပွဲတော်ကြော်ငြာဗီဒီယိုလုပ်ဖို့ ဝါသနာအိုးလေး Kanata ကို သူငယ်ချင်းတွေက အကူအညီတောင်းလိုက်ပါတယ်။ Kanata တစ်ယောက် သီချင်းဗီဒီယိုအတွက်အကိုးအကားရှာဖို့ ခြေဦးတည့်ရာလျှောက်သွားရင်း လမ်းဘေးတစ်နေရာမိုးရွာထဲမှာ ခံစားချက်အပြည့်နဲ့ ဂစ်တာတီးပြီးသီချင်းဆိုနေတဲ့ မိန်းမငယ်လေးတစ်ယောက်ကို တွေ့လိုက်ပါရော..။ နောက်တစ်နေ့ ကျောင်းကိုရောက်တော့ မနေ့ကတွေ့ခဲ့တဲ့အဆိုရှင်က ဒီနေ့မှကျောင်းကိုအသစ်ရောက်လာတဲ့ သူ့ရဲဆရာမဖြစ်နေပါတော့တယ်။ ဆရာမက အရင်က သူဝါသနာအရမ်းပါတဲ့ သီချင်းတွေဖန်တီးခဲ့ပေမယ့် တစ်ပုဒ်မှ နာမည်လည်းမကြီး ပရိသတ်ရင်ထဲကိုလည်းမရောက်စေခဲ့တာမို့ သူ့ရဲ့အိပ်မက်ကို စွန့်လွှတ်ပြီး ဆရာမအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ ဆုံးဖြတ်လိုက်တာပါ။ အဲဒီမှာ ကျောင်းသားလေး Kanata ဟာ ဆရာမရဲ့သီချင်းကို သီချင်းဗီဒီယိုလုပ်ပြီး လူတွေဆီကိုဖြန့်ချီချင်တယ်လို့ခွင့်တောင်းလိုက်ပြီး Kanata က ဆရာမဝါသနာပါတဲ့ သီချင်းတွေကိုဆက်လုပ်နိုင်အောင် ဘယ်လိုအားပေးသွားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်...။ အသံသရုပ်ဆောင်တွေကလည်း Anime Fan တွေနဲ့မစိမ်းတဲ့ Demon Slayer ထဲက Tanjiro, Attack on Titan ထဲက Falco, Dan Da Dan ထဲက Okarun အစရှိတဲ့ နာမည်ကြီး Character တွေရဲ့ အသံသရုပ်ဆောင် Natsuki Hanae က Kanata နေရာမှာအသံသရုပ်ဆောင်ထားပါသေးတယ်။ ဆရာမနေရာက အသံသရုပ်ဆောင်ကတော့ Hunter X Hunter ထဲက Killua Zoldyck နဲ့ Kakegurui ထဲက Midari Ikishima တို့ရဲ့ အသံရှင် Mariya Ise ပဲဖြစ်လို့ စိတ်ဝင်စားစရာကောင်းတာ အမှန်ပါပဲရှင်..။

ဇာတ်လမ်းအကြောင်း