ဇာတ်ကားများ ရွေးရန်

A Day

2017ဇာတ်ကားအမှတ် 7.8/1090 မိနစ်

A Day (2017) IMDb..... 7.8 ယခုတစ်ခါမှာတော့ 2017 တုန်းက ထွက်ရှိခဲ့တဲ့  thriller,mystery,drama,Sci-Fi အမျိုးအစားဖြစ်တဲ့ "A day" ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေ‌အနေနဲ့ကတော့ Your Honour, Law School မှ သရုပ်ဆောင် Kim Myung Min, Black Out, Uncle Samsik မှ Byun Yo Han, Tempest မှ သရုပ်ဆောင်ကြီး Yoo Jae Myung, Mr. Queen မှ မင်းသမီးလေး Shin Hae Sun, Exactly what's going on မှ Jo Eun Hyung တို့ အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ဂင်ဂျွန်ယောင်းဟာ နှလုံးအထူးကုနယ်ပယ်မှာ ကျွမ်းကျင်ပြီး ထူးချွန်လှတဲ့ နာမည်ကြီး ဆရာဝန်တစ်ယောက်ဖြစ်ပေမဲ့လည်း သူဟာ အမြဲတမ်း အလုပ်ရှုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သမီးလေး အွန်ဂျောင်းအပေါ်မှာတော့ တာဝန်ကျေတဲ့ အဖေတစ်ယောက်မဟုတ်ခဲ့ပါဘူး။ အဲဒီလိုနဲ့ပဲ အွန်ဂျောင်းရဲ့ မွေးနေ့မှာ ဂင်ဂျွန်းယောင်းဟာ သမီးလေးဆီကို သွားရင်း သူ့သမီးလေး ယာဉ်မတော်တဆမှုဖြစ်ပြီး သေဆုံးသွားတာကို မျက်မြင်တွေ့လိုက်ရပါတော့တယ်။ အဲဒီအချိန်ကစပြီးတော့ ထူးဆန်းစွာနဲ့ အဲဒီတစ်ရက်တာက မပြီးဆုံးသွားဘဲ ထပ်ခါတလဲလဲဖြစ်နေတာကြောင့် ဂျွန်ယောင်းဟာ နည်းလမ်းပေါင်းစုံသုံးပြီး ကြိုးစားကြည့်ပေမဲ့လည်း အဲဒီမတော်တဆမှုကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီ ဆန်းကြယ်တဲ့ဖြစ်ရပ်က ဂင်ဂျွန်းယောင်းတစ်ယောက်တည်းမှာမဟုတ်ဘဲ အဲဒီတစ်ရက်တည်းမှာပဲ မတော်တဆမှုဖြစ်ပြီး ဇနီးကို ဆုံးရှုံးလိုက်ရတဲ့ မင်ချောဆီမှာလည်း ထူးဆန်းစွာနဲ့ ဖြစ်နေခဲ့ပါသေးတယ်... အရာအားလုံးက တစ်ပုံစံတည်းတူညီနေပြီး  သူတို့နှစ်ယောက်ပဲ ကွဲပြားနေရတဲ့ အကြောင်းအရင်းက ဘာဖြစ်မလဲ... အဲဒီဆန်းကြယ်တဲ့ဖြစ်ရပ်ရဲ့ နောက်ကွယ်မှာရော ဘာတွေရှိမလဲ... နောက်ဆုံးမှာ  သူတို့နှစ်ယောက် အတူတူ အဲဒီပဟေဠိရဲ့ အဖြေကို ရှာနိုင်သွားမလားဆိုတာကို ဒီကားလေးထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File Size : 1.94GB/ 800MB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…1hr 57m Genre : Thriller, Mystery, Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း