Through the Olive Trees
Through the Olive Trees (1994) IMDb Rating (7.7) / Rotten Tomatoes (88%) Abbas Kiarostamiနဲ့ ပတ်သက်ပြီး ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ထားတဲ့တစ်ချက်က သူက ရုပ်ရှင်ပညာရဲ့ အခြားတစ်ဘက်ကို ရောက်သွားပြီးတဲ့ လူဆိုတာပဲ။ အရင်ကတော့ သူက ကဗျာတွေကို တော်တော် သဘောကျတာ ကျွန်တော် သိထားခဲ့တယ်။ အခု ရုပ်ရှင်နာမည် Through the Olive Trees ဆိုလည်း ကဗျာနာမည်ကိုပဲ ယူထားတာ။ ဒါကြောင့်ပဲ သူ့ရုပ်ရှင်တွေဟာ ရုပ်ရှင်ဆိုတာထက် ကဗျာတစ်ပုဒ်ဖတ်ရတာနဲ့ ပိုတူနေတာလို့ ကျွန်တော် ထင်ခဲ့ဖူးတယ်။ ဆိုပေမဲ့ ကဗျာဆန်တယ် အနုပညာမြောက်တယ်ဆိုတာ တကယ်က စကားလုံးသက်သက်ပဲ။ ကဗျာမှာ တွေ့ရများတဲ့ ဓာတ်တစ်ခု အရသာတစ်ခုကို ကျွန်တော်တို့က ကဗျာဆန်တယ်လို့ သတ်မှတ်လိုက်ကြပုံပါပဲ။ တကယ်က အရာတိုင်းမှာ အဲဒီဓာတ်က ရှိနေလောက်တယ်။ အဲဒီဓာတ်ဆီ ခရီးသွားဟန်လွှဲမဟုတ်ဘဲ ရေစီးကြောင်းတစ်ခုလို ဆိုက်ရောက်သွားတဲ့လူမျိုးတော့ မရှိသလောက်ရှားတယ်။ Abbas Kiarostamiရဲ့ ရုပ်ရှင်တွေမှာတော့ အဲဒီဓာတ်ဟာ အပြည့်အဝ စီးဆင်းနေတယ်။ ဒီရုပ်ရှင်ကို And life goes on ရိုက်ကူးတဲ့အကြောင်းကို ဒိုကူမန်ထရီ ပြန်ရိုက်ထားတဲ့ ပုံစံမျိုးပြထားတယ်။ ဒါပေမဲ့ တကယ်တမ်း ဒိုကူမန်ထရီဟုတ်လားဆိုတော့ မဟုတ်ဘူး။ အရှိတရားနဲ့ သူ့ခံစားချက်တွေ ရောထွေးပြီး ပြထားတာမျိုးပဲ။ ဘာက အရှိတရားလဲ ဘာက လုပ်ယူထားတာလဲ ခွဲခြားဖို့ မဖြစ်နိုင်အောင် သူဖန်တီးထားတာက လုပ်ယူဖန်တီးတဲ့ဘက်ကို တစ်လှမ်းမှ မကပ်သွားဘူး။ ပြောရရင် And life goes onက အိပ်မက်တစ်ခုဆိုပါစို့ ။ ဒီကားက အိပ်မက်နဲ့ နိုးထခြင်းကြားက နောက်ထပ်အိပ်မက်တစ်ခုလို့ ပြောလို့ရတယ်။ အသိစိတ်နဲ့ မသိစိတ်ရောနေတာမျိုး ဆန်တယ်။ And life goes onမှာ ငလျင်ဒဏ်ခံရတဲ့ ရွာလေးကို ဖြတ်သွားတဲ့ သားအဖ၂ယောက်ရဲ့ မြင်ကွင်းတွေကို ပြတယ်။ သေဆုံးမှုတွေကို နောက်ခံထားပြီး ရှင်သန်ခြင်းကို ပြတယ်ပဲ ထားပါတော့။ အဲဒီမှာပြတာတွေက အရှိတရားအစစ်ပေမဲ့ အရှိတရားရဲ့ တစ်စိတ်တစ်ပိုင်းပဲ ပါတယ်ပြောရမယ်။ ဒီရုပ်ရှင်မှာကျ သူက အဲဒီသူပြခဲ့တဲ့အရှိတရားတွေရဲ့ တခြားဘက်ခြမ်းကို ထပ်ပြတယ်။ ပြောရရင် And life goes onက ယင်ဆိုရင် Through the Olive Trees က ယန်ပဲ။ Koker Trilogyရဲ့ သုံးကားထဲ ဒီ၂ကားက ပိုသဟဇာတဖြစ်ဖြစ် ချိတ်နေတယ်လို့ ပြောရမယ်။ အပိုဆောင်းအနေနဲ့ သူထပ်ပြသွားတာက ယောက်ျားမိန်းမကြားက ဆက်ဆံရေးပဲ။ အချစ်လို့ပြောလည်း ရမယ်ထင်တယ်။ ဆိုပေမဲ့ အဲဒီစကားလုံးက တော်တော်အသိရခက်တဲ့ ဘယ်ကြားခံကိုပဲသုံးသုံး တင်ပြဖို့ခက်တဲ့ စကားလုံးပဲ။ ဆိုတော့ Abbasက အရှိတရားရဲ့ ပကတိအမြင်နဲ့ ယောက်ျားမိန်းမကြားက ဆက်ဆံရေးကို ပြထားတယ်။ သူ့တင်ဆက်ပုံကို ကျွန်တော့်အနေနဲ့ အများကြီး အံ့ဩရပြီးပေမဲ့ ဒီထက်ပို အံ့ဩစရာလည်းမရှိဘူးထင်ထားပေမဲ့ ဒီဆက်ဆံရေးကို သူတင်ပြပုံကိုလည်း ထပ်ပြီး အံ့ဩရပြန်တာပါပဲ။ ဒီရုပ်ရှင်မှာ သံလွင်ပင်တွေကြားက ဘဝတွေကို မြင်ရလိမ့်မယ်။ တစ်နေရာရာမှာလည်း ကိုယ့်ကိုယ်ကိုယ်ပြန်မြင်ရလိမ့်မယ်။ ကျွန်တော် ပြောနိုင်တာက ဒီလောက်နည်းနည်းလေးပါပဲ။ File size… (2.2 GB) / (1.4 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration…. 01:44:10 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း