ဇာတ်ကားများ ရွေးရန်

Buffalo Rider

2015ဇာတ်ကားအမှတ် 7.7/1094 မိနစ်

ထိုင်း အမေရိကန်ကပြားကောင်မလေးကို သူ့ပထွေးဖြစ်သူက ထိုင်းမှာအဖွားနဲ့သွားနေဖို့ ပို့ပေးလိုက်ပါတယ်။ ဂျစ်ကန်ကန်နဲ့ ကောင်မလေးက သူ့အမေဆုံးပြီးကတည်းက ဆိုးနေတာဖြစ်လို့ ရွာရောက်ပြန်တော့လည်း ဆိုးမြဲဆိုးဆဲပါပဲ။ ရွာကလူတွေအပေါ်လည်း ဂျစ်တိုက်ပြီး လုပ်ချင်ရာလုပ်တတ်တဲ့ ကလေးမလေးက သူနဲ့ရွယ်တူ သနားစရာကောင်းတဲ့ ဘွန်ရော့ဆိုတဲ့ သူဆင်းရဲကောင်လေးကို သတိထားမိသွားခဲ့ပြီး ခင်မင်သွားပါတော့တယ်........ ဒီလိုနဲ့ မွေးထားတဲ့ကျွဲလေးကို သိပ်ကို သံယောဇဉ်ရှိတဲ့ ဘွန်ရော့ကို သူတို့ရွာမှာ နှစ်စဉ်ကျင်းပနေကျ ကျွဲစီးပြိုင်ပွဲ ဝင်ပြိုင်နိုင်ဖို့ အားပေးပံ့ပိုးခဲ့တာကို ဒရမ်မာဆန်ဆန်လေး ရိုက်ပြထားတဲ့ တောဓလေ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်။ အချစ်အလွမ်းအဆွေးတွေ ရွာဓလေ့အငွေ့အသက်လေးတွေနဲ့ ဇာတ်လမ်းအေးအေးလေးတွေ သဘောကျတဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေဖို့ ညွှန်းပေးလိုက်ရပါတယ်။ Quality.....WebRip 1080p / 720p File Size.....(1.7 GB) / (902 Mb) Genre.....Adventure, Drama Duration.....01:34:00

ဇာတ်လမ်းအကြောင်း