ဇာတ်ကားများ ရွေးရန်

Jack

2014ဇာတ်ကားအမှတ် 7.0/1099 မိနစ်

ဂျက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်အရွယ်ထက်ပိုတဲ့ တာဝန်တွေကို ထမ်းနေရတဲ့ ကလေးတစ်ယောက်ပါ။ ကလေးနှစ်ယောက်နဲ့ တစ်ခုလပ်မိခင် ဆန်နာက သားတွေအတွက် အချိန်မပေးဘဲ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်ပေမယ့် ဂျက်ကတော့ အမေ့ကို အလွန်ချစ်တယ်။ ညီလေးရဲ့ နေ့စဉ်ဝေယျာဝစ္စတွေကိုလည်း သူပဲ အစအဆုံး ကြည့်ရှုလုပ်ကိုင်ပေးနေရပါတယ်။ နောက်တော့ ဆန်နာက ဂျက်ကို လူငယ်ဂေဟာပို့ပြီး သားအငယ်ကို သူငယ်ချင်းဆီ အပ်ထားခဲ့တယ်။ အဲဒီနောက် သူ ရုတ်တရက်ပျောက်သွားပြီး ဆက်သွယ်လို့လည်း မရတော့ပါဘူး။ မိခင်မေတ္တာကို လိုချင်နေကြတဲ့ ဂျက်တို့ညီအစ်ကိုနှစ်ယောက်ဟာ ဘာလင်မြို့ရဲ့ လမ်းတွေပေါ်မှာ အမေ့ကို လိုက်ရှာကြရပါတော့တယ်။ ၂၀၁၄ ခုနှစ်ထွက် ဒီဂျာမန်ဇာတ်ကားက ကလေးတစ်ယောက်ရဲ့ အမြင်ကနေ ဇာတ်လမ်းကို ပြထားပါတယ်။ မြို့ကြီးထဲမှာ နေ့ရောညပါ ဖြတ်သန်းရင်း အမေ့ကိုရှာနေတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ခရီးက ဂျက်ကို ဘာတွေ နားလည်လာစေမလဲ၊ ဘယ်လိုဆုံးဖြတ်ချက်ဆီ ရောက်သွားစေမလဲဆိုတာ ဆက်တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း