The Great Illusionist 2
လုံစုန်အရာရှိဟာ ထူးထူးခြားခြား သေဆုံးထားတဲ့ လူတွေရဲ့အမှုကို စုံစမ်းနေရပါတယ်။ တစ်ဆင့်ချင်း လိုက်စစ်ရင်း သေဆုံးသူသုံးယောက်ကြားက တူညီချက်တစ်ခုကို တွေ့လာတယ်။ သူတို့သုံးယောက်လုံးဟာ ကျောင်းနေဖက်တွေဖြစ်ပြီး လွန်ခဲ့တဲ့ လေးနှစ်က အကြောင်းရင်းမသိရဘဲ ကျောင်းနားခဲ့ကြသူတွေပါ။ သူတို့ရဲ့ မိသားစုတွေကလည်း ငွေကြေးကြွယ်ဝရုံတင်မက အာဏာပါရှိကြတယ်။ ဒီတူညီချက်တွေကြောင့် သာမန်သေဆုံးမှုတွေ မဟုတ်နိုင်ဘူးလို့ လုံစုန်က ယူဆပြီး ဆက်စုံစမ်းတဲ့အခါ လွန်ခဲ့တဲ့ လေးနှစ်က မတော်တဆမှုတစ်ခုနဲ့ပါ ဆက်စပ်လာပါတယ်။ The Great Illusionist ရဲ့ ဒုတိယကားဖြစ်ပေမယ့် ပထမကားနဲ့ ဇာတ်လမ်းချိတ်ဆက်ထားတာ မဟုတ်ပါဘူး။ ဒီကားထဲမှာတော့ “ဒီလောကမှာ ငွေရှိတဲ့သူက သက်ဆိုးရှည်ပြီး မရှိတဲ့သူက သေသင့်တာလား” ဆိုတဲ့ မေးခွန်းကို ဒိုင်ယာလော့တစ်ခုအဖြစ် ထည့်ထားပါတယ်။
ဇာတ်လမ်းအကြောင်း