ဇာတ်ကားများ ရွေးရန်

Blue Jasmine

2013ဇာတ်ကားအမှတ် 7.0/1099 မိနစ်

Blue Jasmine ( 2013 ) ဝူဒီအယ်လန်ဟာ Comedyကဝေတစ်ပါး ဖြစ်တာနဲ့အညီပဲ Comedy အမျိုးအစားပေါင်းစုံကို ချပြခဲ့တယ်။ Blue Jasmineက ပုံမှန် သူနာမည်ကြီးတဲ့ ရုပ်ရှင်တွေနဲ့ နည်းနည်းကွာတဲ့ Black Comedyအမျိုးအစားကိုမှ သရော်သံနှောထားတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်ညွှန်းကဝိတစ်ပါးဖြစ်ခဲ့တဲ့ သူ့ထုံးစံအတိုင်းပဲ ဇာတ်ညွှန်းအော်စကာ ဆန်ခါတင်ဝင်ခဲ့ပြီး မင်းသမီး၂ယောက်စလုံး ဆန်ခါတင်ဝင်ခဲ့တယ်။ ခေါင်းဆောင်မင်းသမီးဖြစ်တဲ့ ကိတ်ဘလန်ချက်က မင်းသမီး ဆုရသွားခဲ့တယ်။ ဇာတ်လမ်းကတော့ မရှိတာကို အရှိလုပ်ရင်း မလိုတာကို ကြွားဝါကြရာက ဒုက္ခရောက်သွားတဲ့ မိသားစုတစ်ခုအကြောင်းပဲ။ လူ့မလိုင် အသိုင်းအဝိုင်းကို သရော်လိုရင်းလည်း တစိတ်တဒေသ ပါတယ် ပြောရမယ်။ အခြေအနေတွေ အရွေ့မှာ ဒုက္ခကတော့ ဆိုက်ဆိုက်ရောက်လာပေမဲ့ အကျင့်ဗီဇကို မပြောင်းလဲနိုင်တော့ လမ်းဆုံးရောက်တဲ့အထိ ဖြစ်သွားတတ်တာကိုလည်း ပြထားတယ်။ ဇာတ်ကတော့ ဘာမှ ထွေထွေထူးထူးမရှိဘူး။ ဆိုပေမဲ့ မမကိတ်က အဲဒီသနားစရာလိုလို သရော်ချင်စရာလိုလိုကောင်းနေတဲ့ အမျိုးသမီးနေရာက သရုပ်ဆောင်ပြသွားတာကိုတော့ အရသာရှိရှိကြည့်လို့ရတယ်။ ဘလက်ကော်မဒီပီပီသသပဲ ရယ်ရပါတယ်ဆိုတဲ့ စကားလုံးတွေ ဟာသတွေတော့ ပါနေမှာမဟုတ်ဘူး။ " တော်တော်ဟုတ်တဲ့လူတွေ"ဆိုပြီး စိတ်ထဲ ကလိကလိဖြစ်စရာ ခံစားချက်မျိုးပဲ တစ်ကားလုံး ရနေလိမ့်မယ်။

ဇာတ်လမ်းအကြောင်း