ဇာတ်ကားများ ရွေးရန်

Psychokinesis

2018ဇာတ်ကားအမှတ် 6.3/10101 မိနစ်

Psychokinesis (2018) Psychokinesis (ကိုရီးယားနာမည်- 염력) ဟာ၂၀၁၈ ခုနှစ်တွင် ထွက်ရှိခဲ့သော တောင်ကိုရီးယား စူပါဟီးရိုး ရုပ်ရှင်ကားဖြစ်ပြီးတော့ ဒါရိုက်တာYeon Sang-ho ကိုယ်တိုင် ရေးသား ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ Ryu Seung-ryong ,Shim Eun-kyung ,Park Jeong-min Kim Min-jae နှင့် Jung Yu-mi တို့က ခေါင်းဆောင်နေရာများမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ Yeon Sang-ho ရဲ့ ၂၀၁၆ ခုနှစ်တွင် ထွက်ရှိခဲ့သော Train to Busan အပြီး ဒုတိယမြောက် live-action ရုပ်ရှင်ကား ဖြစ်တဲ့အပြင် ပထမဆုံးသော တောင်ကိုရီးယား စူပါဟီးရိုး ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဘဏ်လုံခြုံရေးအစောင့်တစ်ဦးဖြစ်တဲ့ ရှင်းဆော့ဟွန်းက ဥက္ကာခဲ ကျရောက်မှုကြောင့် စွမ်းအင်သက်ရောက်မှုရှိနေသော တောင်ကျစမ်းရေကို သောက်မိပြီးနောက်မှာ အရာဝတ္ထုများကို စိတ်ဖြင့် ရွှေ့လျားနိုင်သော သဘာဝလွန်စွမ်းအင်ကို ရရှိလာခဲ့တယ်။ သူသည် အကြွေးကိစ္စကြောင့် ပြဿနာတက်ခဲ့ရာကနေ အမျိုးသမီးနဲ့ ကွာရှင်းပြီး သမီးဖြစ်သူ အသက် ၁၀ နှစ်ကတည်းက အိမ်က ထွက်လာကာ တစ်ကိုယ်တည်းနေနေခဲ့တယ် တစ်နေ့မှာ သမီးဖြစ်သူ ရှင်းရူမီက မိခင်ဖြစ်သူ ဆုံးပါးသွားကြောင်း သူ့အား ဖုန်းဆက်ပြောခဲ့ရာ ဈာပနာအခမ်းအနားကို ရောက်သွားခဲ့ပါတယ်။ အဲဒီအခါမှာတော့ ဇနီးသည်ရဲ့ သေဆုံးမှု အကြောင်းစုံကို သိသွားခဲ့ရပြီး သမီးဖြစ်သူ ကြုံတွေ့နေရတဲ့ ပြဿနာကိုပါ သိရှိသွားခဲ့တယ်။ ထယ်ဆန်းကုမ္ပဏီဟာ သမီးဖြစ်သူရဲ့ ကြက်ကြော်ဆိုင်ခန်းရှိရာ နမ်ဖြောင်းဈေးဆိုင်တန်း ဖြိုချပြီး တရုတ်ခရီးသွားတွေအတွက် ဈေးဝယ်စင်တာကြီးဆောက်ဖို့ စီမံကိန်းဆွဲထားခဲ့တယ် အဲဒါကြောင့် နမ်ဖြောင်းဈေးဝယ်စင်တာမှာ ဆိုင်ခန်းငှားခဲ့ကြတဲ့ သူတွေက ကျူးကျော်နေထိုင်သူများအဖြစ်သို့ နေချင်းညချင်း ရောက်ရှိသွားခဲ့တယ်။ အဲဒီအတွက်ကြောင့် သမီးဖြစ်သူ ရှင်းရူမီကလည်း တခြားကျူးကျော်နေထိုင်သူများနဲ့ ပေါင်းကာ နမ်ဖြောင်းဈေးဝယ်စင်တာ မဖြိုချရေးအတွက် လုံးပမ်းနေခဲ့ခြင်းဖြစ်တယ် ရှင်းဆော့ဟွန်းကလည်း သမီးဖြစ်သူဆီ လာတွေ့ရာကနေ ဒီအရှုပ်ထုပ်တွေထဲ ပါဝင်သွားခဲ့တယ်။ ရှင်းဆော့ဟွန်းတစ်ယောက် သူပိုင်ဆိုင်ထားတဲ့ သဘာဝလွန်စွမ်းအင်ကို အသုံးပြုကာ သမီးဖြစ်သူကို ဘယ်လိုကာကွယ်ပေးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ File Size - 1.5 GB/ 713 MB Quality - WEB-DL 1080p/ 720p Duration - 1h 42m Format - mp4 Genre - Action, Fantasy Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း