ဇာတ်ကားများ ရွေးရန်

Raunak

2025ဇာတ်ကား

Raunak (2025) "မယိမ်းမယိုင်သော ရုန်းကန်မှု" IMDb - 8.2 / 10 ဒီတစ်ပတ်မှာတော့ ပရိသတ်ကြီးကို စိတ်ဓာတ်ခွန်အားနဲ့ ဇွဲလုံ့လတွေကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့ Rating ကောင်းကောင်း ဘောလိဝုဒ်ရဲ့ Inspirational Drama ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ "Raunak" နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ "Raunak" ရဲ့ အဓိပ္ပာယ်က "တောက်ပခြင်း" ဖြစ်သလို၊ ဇာတ်လိုက်မင်းသမီးရဲ့ ဘဝခရီးကြမ်းကလည်း ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် တောက်ပတဲ့ စိတ်ဓာတ်ကို မဆုံးရှုံးစေဖို့ သက်သေပြသွားမှာပါ။ ဒီဇာတ်ကားဟာ ဇာတ်လိုက်မင်းသမီး Raunak တစ်ယောက် ဘဝရဲ့ အနိမ့်အမြင့် အတက်အကျ အားလုံးကို ဘယ်လို ဖြတ်ကျော်ခဲ့လဲဆိုတာကို ပုံဖော်ထားပါတယ်။ ကံကြမ္မာရဲ့ မတရား ဖန်တီးမှုတွေ၊ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့လည်း Raunak ဟာ သူမရဲ့ စိတ်ဓာတ်ကို ခိုင်မာအောင် ထိန်းထားနိုင်ခဲ့ပြီး အရာရာကို ရဲရဲရင်ဆိုင်ခဲ့ပါတယ်။ ဘဝမှာ ရုတ်တရက် ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို သူမရဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံ့လ၊ သတ္တိ နဲ့ တည်ကြည်တဲ့ စိတ်ဓာတ် တွေနဲ့ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ပြီး ကိုယ်ပိုင်လမ်းကြောင်းကို ဘယ်လို ဖန်တီးခဲ့လဲဆိုတာကို ဒီဇာတ်လမ်းတစ်လျှောက် စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Raunak ဟာ ခေတ်ဟောင်းအိန္ဒိယမိသားစုတွေရဲ့ အမျိုးသမီးတွေကိုဖိနှိပ်မှု ခြယ်လှယ်မှုတွေကို ပြသထားပြီး ရုပ်ရှင်အတတ်ပညာနဲ့ ကျားမတန်းတူညီမျှရေးကိစ္စကိုလည်း တင်ပြထားတာဖြစ်လို့ ပရိသတ်တွေအတွက် ဂရုဏာရသ သိင်္ဂါရရသတွေ ခံစားရမယ့်အပြင် စိတ်အားတက်ကြွအတုယူဖွယ်အကျိုးရှိတဲ့ ဇာတ်ကားလေးဖြစ်လို့ အားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size… 1.4 GB / 800 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း