ဇာတ်ကားများ ရွေးရန်

My Last Love

2017ဇာတ်ကားအမှတ် 7.0/10111 မိနစ်

My Last Love (2017) ပရိတ်သတ်ကြီးအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ 'My Last Love' ဆိုတဲ့ Drama အမျိုးအစား Movie လေးပဲဖြစ်ပါတယ် ။ မိသားစုဇာတ်လမ်းဖြစ်ပေမဲ့ ပုံမှန်ထွက်ရှိနေကျ ဇာတ်ကားတွေနဲ့မတူ နာမည်ကြီးမင်းသားမင်းသမီးတွေ မပါတာတောင်မှ ဇာတ်ကွက်အေးအေးငြိမ့်ငြိမ့်လေးတွေနဲ့ အဆုံးထိ ကြည့်ချင်လာအောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် .. ဒီဇာတ်လမ်းလေးအကြောင်းကိုပြောရမယ်ဆိုရင်တော့ .. Kim Bong Yong ဟာ ဆောက်လုပ်‌ရေးလုပ်ငန်းခွင်တစ်ခုရဲ့ တာဝန်ခံတစ်ယောက်ဖြစ်ပြီးတော့ သားသမီး ၃ယောက်ရှိတဲ့ ဖခင်တစ်ယောက်လည်း ဖြစ်ပါတယ် .. သူ့ရဲ့သမီးဖြစ်တဲ့ Kim Dal Nim ကတော့ မိသားစုရဲ့ဒုက္ခတွေကို ရင်ဆိုင်ရင်း လမ်းဘေးမှာ သီချင်းဆိုနေတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်‌ယောက်ပါ။ ဒါပေမဲ့ အဖေဖြစ်သူ Kim Bong Yong ကတော့ သမီးဟာကျောင်းသူမို့လို့ ကျောင်းစာကိုပဲ အာရုံစိုက်ရမယ်ဆိုတဲ့ အတ္တရှိနေခဲ့ပါတယ် .. တစ်ဖက်က Kim Dal Nim မှာလည်း အိမ်မှာ အရာရာကို သူပဲအလျှော့ပေးနေရပြီးတော့ သူ့ အတွက်ကိုကျ နားလည်ပေးမဲ့လူ မရှိဘူးဆိုတဲ့ အတွေးမျိုးဟာ ထုတ်မပြောပေမဲ့ သူမစိတ်ထဲမှာ အမြစ်တွယ်နေခဲ့ပါတယ် .. ဒီလိုမိသားစုကြားက အဆင်မပြေမှုတွေကို အချင်းချင်းပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး ဖြေရှင်းနိုင်မှာလား??? အဖေဖြစ်သူ Kim Bong Yong ကရော ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာလဲ ??? အဆုံးမှာ သူတို့မိသားစုအချင်းချင်း နားလည်မှုရရှိသွားကြမှာလား??? ဒီဇာတ်ကားရဲ့ အားသာချက်ကတော့ ဇာတ်ကောင်တွေ တစ်အိမ်တည်းအတူနေပေမဲ့ စိတ်ပိုင်းဆိုင်ရာအရ ဘယ်လောက်အထိ ဝေးကွာနေကြလဲဆိုတာကို သိမ်မွေ့စွာ ပုံဖော်နိုင်တာပါပဲ .. သူတို့ ကိုယ်စီကိုယ်စီဟာ သူတို့ရဲ့ပြဿနာတွေ နာကျင်မှုတွေနဲ့ ရုန်းကန်နေကြရပြီး တစ်ယောက်နဲ့တစ်ယောက် ပြန်လည်နီးစပ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာတစ်ခုလို ထင်မှတ်ရပါတယ် .. ဒီလို မဖြစ်နိုင်တဲ့အရာကရော အဆုံးမှာဖြစ်လာနိုင်မှာလားဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ လိုက်ပါစီးမျောကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ် .. File size…1.8GB / 940MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 51 min. Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း