Murder
ဆူဒီးနဲ့ ဆင်မရန်းတို့ဟာ သားလေးကဗီးနဲ့အတူ ဘန်ကောက်မြို့ကို ပြောင်းရွှေ့အခြေချလာကြတဲ့ မိသားစုပါ။ ရောက်ခါစဖြစ်လို့ မိတ်ဆွေအပေါင်းအသင်းလည်း သိပ်မရှိသေးဘူး။ ဆူဒီးက အလုပ်ထဲမှာပဲ စိတ်နှစ်ထားတာကြောင့် လင်မယားနှစ်ယောက် စကားလက်ဆုံပြောရတဲ့ အချိန်တောင် မရှိသလောက်ဖြစ်နေပြီး ဆင်မရန်းက အထီးကျန်သလို၊ တစ်ခုခုလစ်ဟာနေသလို ခံစားနေရပါတယ်။ အဲဒီအချိန်မှာပဲ ဆင်မရန်းဟာ ရည်းစားဟောင်း ဆန်နီနဲ့ ဘန်ကောက်မှာ ပြန်ဆုံမိတယ်။ သူတို့နှစ်ယောက် တိတ်တဆိတ် ပြန်ပတ်သက်လာကြပြီး ဒီဆက်ဆံရေးက ဆင်မရန်းရဲ့ အိမ်ထောင်ရေးကို ရိုက်ခတ်လာပါတယ်။ ဆန္ဒနောက်ကို လိုက်မိကြရာက လူသတ်မှုအထိ ပတ်သက်လာတဲ့အခါ သူ့အိမ်ထောင်ရေး ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဆက်ပြထားတဲ့ အင်မရန်းဟက်ရှမီ ပါဝင်သရုပ်ဆောင်ထားသော အချစ်နဲ့ သည်းထိတ်ရင်ဖိုရောစပ်ထားတဲ့ ဒရာမာကားပါ။
ဇာတ်လမ်းအကြောင်း