ဇာတ်ကားများ ရွေးရန်

Tower Block

2012ဇာတ်ကားအမှတ် 5.8/1090 မိနစ်

Tower Block (2012) IMDb Rating (5.9) / Rotten Tomatoes (44%) Tower Block ဟာမကြာခင်မှာဖျက်ဆီးတော့မယ့် အပေါ်ဆုံးအထပ် တစ်ထပ်တည်းမှာသာ လူနေထိုင်ကြတဲ့အိမ်နီးချင်းတစ်စုကိုအခြေခံပါတယ်။ သူတို့တွေဟာ ပြန်လည်ဆောက်လုပ်မယ့် ပရောဂျက်မှာ အိမ်အသစ်ပြန်လည်ရရှိဖို့အရေးခေါင်းမာမာနဲ့တင်းခံနေကြသူတွေဖြစ်ပါတယ်။ သူတို့နေထိုင်ရာ အဆောက်အအုံကြီးဟာ လူသူနဲ့အလှမ်းဝေးပြီး တရားဥပဒေစိုးမိုးမှုလည်း နည်းပါးတဲ့အတွက် သူတို့အဆောက်အအုံထဲမှာ လူငယ်တစ်ယောက်ကို လူဆိုးတစ်အုပ်က ဝိုင်းရိုက်ရာကနေလက်လွန်ပြီးသေဆုံးသွားခဲ့ပေမယ့် သက်သေထွက်ဆိုရဲတဲ့သူ တစ်ယောက်မှမရှိတဲ့အတွက် တရားခံမမိပဲ အမှုပိတ်လိုက်ရဖူးပါတယ်။ တစ်နေ့မှာတော့ အဆောက်အအုံထဲက နေထိုင်သူမှန်သမျှကို ကလေးလူကြီးမရွေး မမြင်ရတဲ့ စနိုက်ပါသမားတစ်ယောက်ကပြူတင်းပေါက်က တစ်ဆင့် ပစ်ခတ်တိုက်ခိုက်ပါတော့တယ်။အခန်းတိုင်းကိုပစ်မှတ်ထားတဲ့အတွက် နေထိုင်သူတွေဟာ အခန်းအပြင်ကနေစင်္ကြလမ်းကိုရောက် အဲ့ဒီကနေ ဘယ်ကိုမှမရွှေ့ရဲတော့ပဲ ပိတ်မိနေပါတော့တယ်။ သူတို့စဉ်းစားမိသမျှထွက်ပေါက်တိုင်း၊ လွတ်လမ်းတိုင်းဟာတစ်ဖက်လူသတ်သမားက အကွက်စေ့စေ့ ကြိုတွက်ချက်ထားပြီး ပိတ်ဆို့ထားပြီးဖြစ်တဲ့အတွက် မျှော်လင့်ချက်မဲ့နေတဲ့အနေအထားကနေဘယ်လိုရုန်းထွက်လွတ်မြောက်နိုင်ကြမလဲ? လူသတ်သမားဟာ ဘယ်လိုအညှိုးကြောင့် မဲမဲမြင်ရာ တိုက်ခိုက်နေသလဲ? သူတို့အတွက် ဘယ်သူကကယ်တင်ရှင်ဖြစ်လာမလဲအစရှိတာတွေကို ဇာတ်လမ်းထဲမှာ သဲထိတ်ရင်ဖိုအဖြေရှာရမှာဖြစ်ပါတယ်။ Tower Block ဟာ အစကနေအဆုံးတိုင် ဆွဲခေါ်နိုင်တဲ့ ဗြိတိန် Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.1 GB) / (650 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Thriller Duration…. 01:30:11 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း