ဇာတ်ကားများ ရွေးရန်

Gandhi Kannadi

2025ဇာတ်ကား

Gandhi Kannadi 2025 မေတ္တာဖြင့်သာ ခင်းသည့်လမ်း စိတ်ပေါ့ပါးပျော်ရွှင်စေဖို့ အသက်အရွယ်မရွေး အချစ်ကို ခံစားတတ်ဖို့ စီးပွားရေးနဲ့ ချစ်ခြင်းမေတ္တာကြားကို ထင်ဟပ်ပြသထားတဲ့ ရုံတင်ကားတစ်ကားဖြစ်ပြီး Box office အနေနဲ့ ၄.၆၆ ကုဋေ ပြန်လည်ရရှိထားပါတယ် သရုပ်ဆောင်တွေလည်းအတော်လေးကောင်းတဲ့အပြင် ဇာတ်လမ်းအနှစ်သာရကလည်း မဆိုးလှတဲ့အနေအထားပါပဲ ကာသီရ်ဆိုတာက ပွဲစီစဉ်သူတစ်ယောက် ဘာပွဲတွေလဲဆိုရင် မွေးနေ့ပွဲတွေပါ ဒါပေမဲ့ ပုံမှန်မွေးနေ့ပွဲမဟုတ်ဘဲ တစ်သက်လုံး မမေ့နိုင်တော့မဲ့ မွေးနေ့ပွဲတွေကို ဇာတ်လမ်းဇာတ်ကွက်ကျကျနဲ့ ဖန်တီးပေးတတ်သူတစ်ယောက် စီးပွားရေးနောက် အရမ်းလိုက်တဲ့လူမို့ ချစ်သူဂီတာကို သိပ်အချိန်မပေးနိုင်တဲ့ ကြိုးစားနေတဲ့ လူငယ်လေးပေါ့ဗျာ ဂန်ဒီဆိုသူကတော့ သက်ကြီးပိုင်း ဒါပေမဲ့ ဇနီးသည်ကို အရမ်းချစ်တဲ့လူ ငယ်စဉ်တည်းက မိဘတွေသဘောမတူလို့ ခိုးပြေးကြရင်း တစ်နယ်တစ်ကျေးမှာ အခြေချပြီး လင်မယားနှစ်ယောက်ကတစ်ယောက်မျက်နှာ တစ်ကမ္ဘာပေါ့ဗျာ ဂန်ဒီ့အမျိုးသမီး ကာနာမာကတော့ အိမ်အကူပါ သူ့ဆန္ဒက သူတို့ရဲ့ မင်္ဂလာနှစ် ၆၀ ပြည့်ကို ခမ်းခမ်းနားနားကျင်းပချင်တာပါ ဇနီးသည်ဆန္ဒကို ဖြည့်ဆည်းပေးချင်ပေမဲ့ လုံခြုံရေးလစာနဲ့ ပိုက်ဆံမလောက်ငှတော့ ဂန်ဒီက ကာသီရ်နဲ့တွေ့ဖို့ ဖြစ်လာခဲ့ပါတယ် ..ဒီ၂ယောက်တွေ့ဆုံပြီးမှ ၂ယောက်သား ဘယ်လိုဇာတ်လမ်းတွေထဲ ပါဝင်သွားမယ်ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး File size…2.2 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း