ဇာတ်ကားများ ရွေးရန်

The Dreamlife of Angels

1998ဇာတ်ကားအမှတ် 7.0/10113 မိနစ်

ဒီဇာတ်ကားလေးကတော့ ပြင်သစ်ဇာတ်ကားလေးဖြစ်ပြီးတော့ နေရာမတူ ဒေသမတူ အကျင့်မတူတဲ့ကောင်မလေးနှစ်ယောက် ကံကြမ္မာရဲ့လှည့်ကွက်နဲ့တွေ့ဆုံကြရင်း သူငယ်ချင်းတွေဖြစ်သွားကြပြီး လာမဲ့အနာဂတ်ကိုလျှောက်လှမ်းတဲ့အခါမှာတော့ သူ့ရွေးချယ်မှု ကိုယ့်ရွေးချယ်မှုနဲ့ပဲ ကွဲကွာသွားရတဲ့သူငယ်ချင်း ၂ ယောက်ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့အကြောင်းအရာကတော့ အစ်ဆာလိုခေါ်တဲ့ကောင်မလေးဟာ လီလဲရ်လိုခေါ်တဲ့ ပြင်သစ်ကမြို့ငယ်လေးတစ်မြို့ကို အလုပ်လက်မဲ့နဲ့ရောက်လာပါတော့တယ်။အစ်ဆာဟာ လမ်းဘေးမှာတင် သူကိုယ်တိုင်ရေးဆွဲတဲ့ပန်းချီကဒ်လေးတွေကိုပဲရောင်းရင်း ငွေရှာခဲ့ရပါတယ်။ တနေ့မှာ ဆိုင်တစ်ဆိုင်ကဦးလေးကြီးကိုကဒ်ရောင်းနေရင်း အဲ့ဒီဦးလေးကြီးကအလုပ်မရှိရင် သူသိတဲ့အဝတ်ချုပ်စက်ရုံမှာ အလုပ်ဝင်လုပ်ဖို့ ကမ်းလှမ်းလာပါတော့တယ်။အစ်ဆာဟာဝင်လုပ်ရင်း သန့်စင်ခန်းဟောင်းမှာဆေးလိပ်သောက်နေတဲ့ မာရီဆိုတဲ့ကောင်မလေးနဲ့စကားပြောဖြစ်ရင်း ခင်မင်သွားခဲ့ကြတယ်။ဒါပေမဲ့ကံမကောင်းစွာဘဲ အစ်ဆာဟာစက်ချုပ်ရာမှာ မကျွမ်းကျင်ဘဲနဲ့ မှားချုပ်မိရာကနေ စက်ရုံဦးစီးမှုးနဲ့ပြဿနာဖြစ်ပြီးအလုပ်ထွက်လိုက်ရပါတော့တယ်။ ဒီလိုနဲ့ပဲ နေစရာအိမ်မရှိတော့ ဝေလည်လည်ဖြစ်နေချိန်မှာ မာရီရဲ့အကူအညီတောင်းပြီး သူနဲ့လိုက်နေလိုက်ပါတယ်။အစ်ဆာနဲ့မာရီဟာ အတော်လေးကိုခင်သွားကြပြီး သူငယ်ချင်းအရင်းခေါက်ခေါက်ထိအောင်ကိုဖြစ်သွားကြတယ်။ဒါပေမဲ့ မာရီဟာ သူစိတ်မလုံတာတွေ သူဒေါသထွက်လာတာတွေရှိရင် စိတ်လွတ်လွယ်တတ်ရာကနေ စိတ်ထွက်ပေါက်ရှာတတ်ပြီး အစ်ဆာကတော့ သူ့ခြေ‌ပေါ်သူရပ်တည်နိုင်ပြီး ကြုံလာမဲ့အခက်အခဲတွေကိုရင်ဆိုင်နိုင်တဲ့ ကောင်မလေးပဲဖြစ်ပါတယ်။ဒီလိုသူငယ်ချင်း ၂ ယောက်အတူနေရင်းကနေ သူတို့ဆုံးဖြတ်တဲ့ရွေးချယ်မှုနဲ့ သူတိုလျှောက်ရမဲ့လမ်း ဘယ်လိုကွဲပြားသွားမလဲဆိုတာကိုတော့..... Quality.....Blu-Ray 1080p / 720p File Size.....(3.2 GB) / (2.4 GB) Genre.....Drama Duration.....01:53:00

ဇာတ်လမ်းအကြောင်း