ဇာတ်ကားများ ရွေးရန်

My Beloved Stranger

2025ဇာတ်ကားအမှတ် 7.0/10122 မိနစ်

My Beloved Stranger (2025) IMDb Rating (6.8) ရီကွန်နဲ့ မီနာမိတို့ဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းက တစ်ယောက်နဲ့တစ်ယောက် အရမ်းကို ချစ်ခဲ့ကြပြီး အိမ်ထောင်ပြုခဲ့ကြသူတွေပေါ့။ မီနာမိရဲ့ ထောက်ပံ့ပေးမှုတွေကြောင့် ရီကွန်တစ်ယောက် နာမည်ကြီး အရောင်းရဆုံး ဝတ္ထုရေးဆရာဖြစ်လာခဲ့ပေမဲ့ တစ်ဖက်မှာတော့ မီနာမိရဲ့ "အဆိုတော်ဖြစ်ချင်တဲ့" အိပ်မက်တွေကတော့ မှေးမှိန်ခဲ့ရပါတယ်။ တစ်နေ့မှာတော့ ရီကွန်ရဲ့ မဆင်မခြင်ပြောဆိုလိုက်တဲ့ စကားတစ်ခွန်းကြောင့် သူတို့နှစ်ယောက် ရန်ဖြစ်ခဲ့ကြပါတယ်။ နောက်နေ့ ရီကွန်နိုးလာတဲ့အချိန်မှာတော့ မီနာမိဟာ အစအနမကျန် ပျောက်ဆုံးသွားခဲ့ပါတယ်။ ပိုပြီးတော့ ထူးဆန်းတာတစ်ခုက သူ့ကို ပတ်ဝန်းကျင်ကလူတွေက သာမန်အယ်ဒီတာတစ်ယောက်အဖြစ်နဲ့ ဆက်ဆံကြတာပါပဲ။ ဒါ့အပြင် သူ့ဇနီးသည် မီနာမိဟာ နာမည်ကြီးအဆိုတော်အဖြစ်နဲ့ တည်ရှိနေခဲ့ပါတော့တယ်။ ရီကွန်တစ်ယောက် နာမည်ကြီးအဆိုတော်ဖြစ်နေတဲ့ မီနာမိကို သွားရောက်တွေ့ဆုံတဲ့အချိန်မှာတော့ တစ်ခါမှ မတွေ့ခဲ့ဖူးတဲ့သူတွေလို ဖြစ်နေတဲ့အခါမှာ ........ ရီကွန်တစ်ယောက် ဘာတွေ ဘယ်လိုဖြစ်သွားရတာလဲ ........ ဆိုတဲ့အကြောင်းကို ဒီဇာတ်လမ်းလေးကို ကြည့်ရှုရင်း စီးမြောခံစားကြည့်လိုက်ပါဦး။ File Size : 2.05GB/ 860MB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…2hr 03m Genre : Romance, Life, Fantasy Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း