Snakes on a Plane
ဂိုဏ်းစတားတစ်ယောက်ကို ဖမ်းဆီးနိုင်ဖို့ FBI အေးဂျင့်တစ်ယောက်ဟာ သက်သေတစ်ဦးကို ဟာဝိုင်ရီကနေ လော့စ်အိန်ဂျလိစ်အထိ ခေါ်ဆောင်လာရပါတယ်။ ဒါကိုသိနေတဲ့ ဂိုဏ်းစတားက သက်သေကို အရှင်မရောက်စေချင်တာကြောင့် သူတို့စီးမယ့်လေယာဉ်ပေါ်မှာ အရွယ်စုံ အဆိပ်ရှိမြွေတွေပါတဲ့ ကွန်တိန်နာတစ်လုံးကို ထည့်ထားလိုက်တယ်။ ငါးနာရီကြာမယ့် လေကြောင်းခရီးအတွင်း မြွေတွေ လွတ်ထွက်လာတဲ့အခါ လေယာဉ်တစ်စီးလုံး အန္တရာယ်ကျရောက်သွားပါတော့တယ်။ သက်သေကို လိုရာခရီးအရောက် ပို့ဆောင်ရမယ့်အရေးအပြင် လေယာဉ်ပေါ်ကလူတွေရဲ့ အသက်ကိုပါ ခြိမ်းခြောက်လာတဲ့ မြွေတွေကို ရင်ဆိုင်ကြရတဲ့ အက်ရှင်၊ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပြီး Samuel L. Jackson ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း