The Next Karate Kid
ဒီဇာတ်ကားကတော့ Karate Kid franchise ရုပ်ရှင်သုံးကားထွက်ရှိပြီးနောက် ထွက်ရှိလာတဲ့ Standalone sequel ဖြစ်ပါတယ်။ Mr. Miyagi ဇာတ်ရုပ်အတွက် Pat Morita က ပြန်လည်ပါဝင်ပေးထားပေမယ့်လို့ မင်းသား Ralph Macchio ရဲ့ Daniel LaRusso ဇာတ်ရုပ်ကတော့ ဒီဇာတ်ကားမှာ မပါဝင်ပါဘူး။ အပျက်သဘောဆန်တဲ့မှတ်ချက်တွေရထားတဲ့အပြင် Karate Kid franchise ရဲ့ ရုံတင်ဝင်ငွေအနည်းဆုံးရုပ်ရှင်ဖြစ်ခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ဂျူလီက မိဘနှစ်ပါး ကားအက်ဆီးဒန့်နဲ့သေဆုံးခဲ့ရတဲ့ ကိစ္စကို ဖြေမဆည်နိုင်ဖြစ်ကာ သူမရဲ့ပူဆွေးမှုကို ဒေါသအဖြစ် ပြောင်းလဲလိုက်ပြီး လူတိုင်းနဲ့ အဆင်မပြေဖြစ်ရသူတစ်ဦးပါ။ ဘွားအေဖြစ်သူနဲ့ အတူတူနေထိုင်ရပြီး အဘွားနဲ့လည်း မျက်နှာချင်းဆိုင်လိုက်တာနဲ့ ရန်ဖြစ်နေရသူပါ။ တစ်နေ့ မစ္စတာမီယာဂီက ဂျူလီတို့ရဲ့ အိမ်မှာ ညစာလာစားတော့ ဂျူလီရဲ့ အဆင်မပြေမှုကို သိလိုက်ရတယ်။ မစ္စတာမီယာဂီနဲ့ ဂျူလီရဲ့အဘိုးတို့က ဒုတိယကမ္ဘာစစ်တွင်းမှာ အတူတူတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေပေါ့။ ဘွားအေဖြစ်သူက တစ်ဦးတည်းရုန်းကန်ရင်း မြေးမလေးကို စောင့်ရှောက်ပေးနေပေမယ့် မြေးမလေးက ကလန်ကဆန်တွေလုပ်နေတော့ ဝင်ကူညီပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အဘွားဖြစ်သူကို ကယ်လီဖိုးနီးယားက သူ့အိမ်ကိုလွှတ်လိုက်ပြီး မစ္စတာမီယာဂီက ဂျူလီရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရင်း ဂျူလီကိုကူညီပေးနိုင်မယ့်နည်းကို ရှာဖွေခဲ့တယ်။ ဒီတော့ မစ္စတာမီယာဂီတစ်ယောက် ဂျူလီရဲ့ စိတ်အဆင်မပြေမှုတွေကို ဘယ်လိုမျိုးနည်းနဲ့ လိုက်လံကူညီဖြေရှင်းပေးမလဲဆိုတာကို ခံစားကြည့်ရှုပေးပါဦး။ File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း