ဇာတ်ကားများ ရွေးရန်

Jai Ganesh

2024ဇာတ်ကားအမှတ် 6.6/10125 မိနစ်

Jai Ganesh (2024) "ဉာဏသူရဲကောင်း" IMDb - 8.3 / 10 ဒီတစ်ပတ်မှာတော့ ဘောလိဝုဒ်ရုပ်ရှင်လောကရဲ့ ထူးခြားတဲ့ ဇာတ်အိမ်နဲ့ ရိုက်ချက် တွေပါဝင်တဲ့ Techno-Thriller / Inspirational Drama ဇာတ်ကား "Jai Ganesh" နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ ခန္ဓာကိုယ်ပိုင်း ချိုယွင်းနေပေမဲ့ စိတ်ဓာတ်ခွန်အား အပြည့်နဲ့ ဉာဏ်ပညာကြွယ်ဝတဲ့ ဇာတ်လိုက်တစ်ယောက်ရဲ့ ရင်ခုန်ဖွယ်မစ်ရှင်အကြောင်းကို စိတ်လှုပ်ရှားဖွယ် တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လိုက် ဂါနစ်ရှ် ဟာ မော်တော်ဆိုင်ကယ် မတော်တဆမှုကြောင့် ခါးအောက်ပိုင်း သွက်ချာပါဒဖြစ်နေတဲ့ Ethical Hacker တစ်ယောက်ဖြစ်ပြီး၊ Neerali လိုခေါ်တဲ့ အွန်လိုင်း မီဒီယာတစ်ခုမှာ အလုပ်လုပ်နေသူပါ။ တစ်ချိန်တည်းမှာပဲ "Jai Ganesh" လိုအမည်ရတဲ့ Superhero Comic ကို ရေးသားဖန်တီးနေတဲ့ ရည်မှန်းချက်ကြီးသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဖခင်ရဲ့ အားပေးမှုတွေနဲ့ ရှေ့ဆက်နေတဲ့ ဂါနစ်ရှ်ဟာ သူ့ရဲ့ ဟက်ကင်းပညာရပ်ကို အသုံးပြုပြီး မတရားအမှုတွေမှာ အကူအညီပေးနေရင်းကနေ ဇာတ်လမ်းစတင်ခဲ့ပါတယ်။ တစ်နေ့မှာ အမတ်လောင်း Prasad Puthren ရဲ့ အမှိက်စွန့်စက်ရုံ ပြဿနာကို ဖော်ထုတ်ဖို ဆောင်းပါးရေးသားခဲ့တာကြောင့် MLA နဲ့ အဆင်မပြေဖြစ်ခဲ့ပေမဲ့၊ MLA ရဲ့သားလေး ရာယန်ကတော့ ဂါနစ်ရှ်ရဲ့ Comic ကို အလွန်နှစ်သက်သူဖြစ်ပါတယ်။ ကံမကောင်းစွာပဲ Rayaan ဟာ အမှိက်စက်ရုံ အဆိပ်သင့်မှုကြောင့် သမီးဖြစ်သူကို ဆုံးရှုးခဲ့ရတဲ့ Mohan ဆိုသူရဲ့ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရပါတယ်။ စိတ်ဒဏ်ရာပြင်းထန်နေတဲ့ Mohan ဟာ အပြစ်ပေးတဲ့အနေနဲ့ Rayaan ကို အသံလုံတဲ့ အခန်းထဲမှာ ကလိုရင်းဓာတ်ငွေ့ နဲ့ သေစေဖို ကြံစည်ခဲ့ပြီး၊ သူ့ရဲ့ လုပ်ရပ်နဲ့အတူ အခန်းတည်နေရာကို ဖော်ထုတ်မသွားဘဲ Live Streaming မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ လက်ကျန်ကိစ္စတွေကတော့ အောက်ပိုင်းမသန်ပေမယ့် ဘရိန်းပြေးတဲ့ ဟက်ကာကြီး ဂါနစ်ရှ်ရဲ့ တာဝန်ဖြစ်လာခဲ့ပြီး ဘယ်လိုနည်းတွေအသုံးပြု ကယ်တင်နိုင်မလဲဆိုတာ သိရှိနိုင်ဖို တင်ဆက်ပေးလိုက်ပါတယ်။ File size… 1.4 GB / 700 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း