ဇာတ်ကားများ ရွေးရန်

Cleaner

2007ဇာတ်ကားအမှတ် 6.0/1088 မိနစ်

တွမ်ကတ်တလာဟာ ရဲအလုပ်ကနေ အနားယူပြီး သမီးလေးကို ထောက်ပံ့နိုင်ဖို့ မှုခင်းဖြစ်ပွားရာနေရာတွေမှာ သန့်ရှင်းရေးလုပ်တဲ့အလုပ်နဲ့ အသက်မွေးနေသူပါ။ တစ်နေ့တော့ လူမရှိတဲ့ အိမ်တစ်အိမ်မှာ သန့်ရှင်းရေးသွားလုပ်ခဲ့ရပြီး အဲဒီအိမ်မှာနေတဲ့ အန်းနော်ကပ်ရဲ့ခင်ပွန်း ထူးထူးဆန်းဆန်း ပျောက်ဆုံးနေကြောင်း သိလိုက်ရပါတယ်။ တည်ငြိမ်နေပြီဖြစ်တဲ့ တွမ်ရဲ့ဘဝလည်း အဲဒီကနေ အရှုပ်အထွေးတွေထဲ ပြန်ရောက်လာတော့တယ်။ အန်းရဲ့ခင်ပွန်းကို ရှာဖွေတဲ့အကြောင်းနဲ့အတူ တွမ်ရဲ့အတိတ်က အရှုပ်အထွေးတွေ၊ သူ့သူငယ်ချင်း အက်ဒီလော်ရန်ဇိုရဲ့ လျှို့ဝှက်ချက်တွေပါ ဆက်ပါလာပါတယ်။ တွမ်အဖြစ် Samuel L. Jackson၊ အန်းအဖြစ် Eva Mendes နဲ့ အက်ဒီအဖြစ် Ed Harris တို့ သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Renny Harlin ရိုက်ကူးထားတဲ့ မှုခင်း၊ လျှို့ဝှက်ဆန်းကြယ်ဇာတ်ကားပါ။ သွေးထွက်သံယိုနဲ့ ရွံရှာစရာပြကွက်တွေလည်း ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း