ဇာတ်ကားများ ရွေးရန်

The African Queen

1952ဇာတ်ကားအမှတ် 7.4/10105 မိနစ်

ပထမကမ္ဘာစစ်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး ခရမ်းချဉ်သီး 96% နဲ့ အမှန်အကန် ကြမ်းထားပါတယ်။ Oscar အတွက် လေးဆုအထိ nomination ခံရပြီး အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ သရုပ်ဆောင်နှစ်ယောက်တည်းနဲ့ တစ်ကားလုံးကို ဆွဲခေါ်သွားနိုင်ပြီး သူတို့နှစ်ယောက်ရဲ့ အချစ်စွန့်စားခန်းကို တပြုံးပြုံးနဲ့ ထိုင်ကြည့်ရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရိုစီတို့ မောင်နှမဟာ အင်္ဂလန်နိုင်ငံသားတွေဖြစ်ပြီး အာဖရိကဒေသတွေမှာ သာသနာပြုနေကြပါတယ်။ ချာလီကတော့ လှေတစ်စီးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ပြီး ရိုစီတို့ မောင်နှမနဲ့ ခင်မင်ရင်းနှီးသူတစ်ယောက်ပါ။ တရက်မှာ ပထမကမ္ဘာစစ်မီး အာဖရိကကို ကူးစက်လာခဲ့တာကြောင့် ရိုစီရဲ့အစ်ကိုဖြစ်သူ ဘုန်းတော်ကြီးဟာ သေဆုံးသွားခဲ့ပါတယ်။ အဲဒီကနေ တစ်ကောင်ကြွက်ဖြစ်သွားတဲ့ ရိုစီကို ချာလီက လှေနဲ့ခေါ်ပြီး အတူတူစစ်ရှောင်ကြပါတယ်။ အဲဒီကနေ ရိုစီက မျိုးချစ်စိတ်တွေ တဖွားဖွားပေါ်လာပြီး ဂျာမန်စစ်သင်္ဘောကို ဒုံးကျည်နဲ့ဆော်ဖို့ ချာလီကို ပူဆာပါတယ်။ အာဖရိကဧကရီလို့ အမည်ရတဲ့ လှေကလေးနဲ့ ဂျာမန်တွေရဲ့ သင်္ဘောကြီးကို အခက်အခဲတွေကြားကနေ ဖျက်ဆီးနိုင်မလား? သူတို့ရဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လိုဖြစ်သွားမလဲ? ဇာတ်ကားနဲ့အတူ ခံစားဖို့ တိုက်တွန်းလိုက်ရပါတယ်။ Quality.....Blu-Ray 1080p / 720p File Size.....(2.3 GB) / (1.3 GB) Genre.....Jungle Adventure, Adventure, Drama, Romance, War Duration.....01:45:00

ဇာတ်လမ်းအကြောင်း