ဇာတ်ကားများ ရွေးရန်

Lesson Plan

2022ဇာတ်ကားအမှတ် 6.3/10101 မိနစ်

ဒမ်မီယမ်ဟာ မူးယစ်ဆေးလောကထဲ အသွင်ယူလုပ်ကိုင်ခဲ့ဖူးတဲ့ ရဲဟောင်းတစ်ယောက်ဖြစ်လို့ ဒီလောကအကြောင်းကို ကောင်းကောင်းသိထားသူပါ။ တစ်နေ့မှာ အထက်တန်းကျောင်းဆရာဖြစ်တဲ့ သူ့သူငယ်ချင်းက အခက်အခဲတစ်ခုအတွက် အကူအညီလာတောင်းပေမယ့် ဒမ်မီယမ်က ငြင်းလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ အဲဒီသူငယ်ချင်းဟာ ချောက်ချခံရပြီး မတရားသဖြင့် နာမည်ဆိုးနဲ့ သေဆုံးသွားတယ်။ အသက်ရှင်နေတုန်းက မကူညီခဲ့မိတဲ့ နောင်တကြောင့် ဒမ်မီယမ်ဟာ သူငယ်ချင်းအတွက် လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ သူငယ်ချင်းလုပ်ခဲ့တဲ့ အထက်တန်းကျောင်းမှာ အစားထိုးဆရာအဖြစ် ဝင်လုပ်ပြီး သေဆုံးမှုအတွက် တာဝန်ရှိသူတွေကို ရှာဖွေဖို့ ကြိုးစားတော့တယ်။ ဆရာအဖြစ် အသွင်ယူထားရင်း ကျောင်းထဲမှာ ဘာတွေကြုံရမလဲ၊ သူငယ်ချင်းကို ချောက်ချခဲ့သူတွေဆီ ဘယ်လိုရောက်အောင် လိုက်မလဲဆိုတာကို ဆက်ပြထားတဲ့ ၂၀၂၂ ခုနှစ်ထွက် ပိုလန်အက်ရှင်၊ မှုခင်းဇာတ်ကားပါ။ ကုန်ကျစရိတ်နည်းနည်းနဲ့ ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း