ဇာတ်ကားများ ရွေးရန်

Fränk

2025ဇာတ်ကားအမှတ် 9.0/10109 မိနစ်

Fränk (2025) IMDb Rating (7.9) မိဘများ၏ အိမ်တွင်းအကြမ်းဖက်မှုတစ်ခုဖြစ်ပွားပြီးနောက်မှာ ပေါလ်တစ်ယောက် သူတစ်ခါမှမရောက်ဖူးတဲ့ ဦးလေးရှိရာ မြို့ငယ်လေးတစ်ခုကို ရောက်လာပါတယ်။ ထိုမြို့ငယ်လေးမှ ကလေကချေ ကလေးအုပ်စုတစ်ခုနဲ့တွေ့ပြီး အပေါင်းအသင်းဖြစ်ပြီးနောက် စိတ်ပျော်မယ်ထင်တဲ့အရာများကို ဆက်တိုက်လုပ်ပါတော့တယ်။ ဗရုတ်ကျတဲ့ဒီကလေးအုပ်စုက ဆယ်ကျော်သက်အရွယ်လေးတွေဖြစ်ပေမယ့် ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကော်ရှူခြင်းနှင့် အများပြည်သူနှင့်ဆိုင်သောနေရာများကို ဖျက်ဆီးခြင်းတို့ လုပ်လေ့ရှိပါတယ်။ အဓိကကတော့ ပြိုကွဲနေတဲ့ မိသားစုများ၊ အိမ်တွင်းအကြမ်းဖက်မှုများ၊ အုပ်ထိန်းသူမရှိခြင်းများ၊ မိဘ၏အုပ်ထိန်းမှုမစနစ်မှားယွင်းနေခြင်းများ၊ ဒါတွေကနေ ကလေးများအပေါ် စိတ်ဒါဏ်ရာများဖြစ်ပေါ်စေပြီး ကိုယ်နှုတ်စိတ်အမူအရာများကို ပြောင်းလဲစေခဲ့တာဖြစ်ပါတယ်။ ပေါလ်တစ်ယောက် မကောင်းမှုနွံထဲ ဘယ်လောက်ထိနစ်မလဲ? ရုန်းထွက်နိုင်ပါ့မလား? ဆိုတာတွေကို သိရဖို့ ဆက်လက်ကြည့်ရှုလိုက်ပါခင်ဗျာ။ ဒီဇာတ်ကားလေးကိုကြည့်ပြီး ကလေးငယ်များရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ဝင်ရောက်ခံစားပြီး နားလည်သိမြင်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်တွေရော လူကြီးတွေပါ သရုပ်ဆောင်ကောင်းမှုကြောင့် documentary လို့ထင်ရလောက်အောင် ပီပြင်ပြီး ရိုက်ချက်ကောင်းကောင်း rating လည်း ကောင်းကောင်းရထားတယ့်အတွက်ကြောင့် ကြည်ရှုသင့်တဲ့ ဒရာမာကားကောင်းတစ်ခုဖြစ်ပါတယ်ခင်ဗျာ။ File size… (1.6 GB) / (970 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:48:35 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း