ဇာတ်ကားများ ရွေးရန်

Ruth & Boaz

2025ဇာတ်ကားအမှတ် 7.7/1093 မိနစ်

Ruth & Boaz (2025) ++++++++ ဒီဇာတ်ကားဟာ သမ္မာကျမ်းစာထဲက ရုသ်နဲ့ဘိုဝက်ဇ်ရဲ့ ဇာတ်ကြောင်းကို မော်ဒန်ခေတ် ဇာတ်လမ်းဇာတ်သွားနဲ့ ဖန်တီးရိုက်ကူးထားတဲ့ Drama/Romance အမျိုးအစား ဇာတ်ကားပဲဖြစ်ပါတယ်... ရုသ်ဟာ ပါရမီပါတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး အောင်မြင်မဲ့အနာဂတ်တစ်ခုကလည်း ၎င်းကို စောင့်ကြိုနေလျက်ရှိပါတယ်... ချစ်သူဖြစ်သူ မာလွန်နဲ့လည်း ကောင်းမွန်တဲ့ချစ်သူဘဝကို ပိုင်ဆိုင်ထားသူဖြစ်ကာ အရာရာဟာ အဆင်ပြေသယောင်ဖြစ်နေခဲ့ပါတယ်.... သို့သော်လည်း ဂီတမန်နေဂျာရဲ့ ခြယ်လှယ်မှုကို ခံနေရတဲ့ ရုသ်ဟာတော့ ကိုယ့်ဘဝကိုယ်မပိုင်ဘဲ အယောင်ဆောင် ရွှေရည်စိမ်ဘဝထဲ ‌ရှေ့ဆက်မတိုးမိဖို့ အဆိုတော်ဘဝမှ ရုန်းထွက်ခဲ့ရာ တစ်ညမှာပဲ ကားလုယက်မှုအတွင်း ချစ်သူဖြစ်သူ ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်.... သာမန်ကားလုယက်မှုအဖြစ်သာ ထင်မှတ်ထားခဲ့သူ ရုသ်ဟာ ဈာပနအခမ်းအနား အရောက်မှာတော့ မာလွန်သေဆုံးရတဲ့အကြောင်းမှန်ကို သိသွားရပြီး အတ္တလန္တာမှ တိမ်းရှောင်ဖို့ ဖြစ်လာရာ ပက်ဂရင်မြို့အရောက် စပျစ်ခြံပိုင် ဝိုင်လုပ်ငန်းရှင် ဘိုဝက်ဇ်နဲ့ ဆုံတွေ့ရပါတော့တယ်.... ဒီဇာတ်ကားမှာဆိုရင် ဇာတ်ကားနာမည်အတိုင်း ရုသ်နဲ့ဘိုဝက်ဇ်တို့နှစ်ယောက်ရဲ့ မချောမွေ့တဲ့ အချစ်ခရီးကို ဒရမ်မာများရောယှက်တင်ဆက်ထားပြီး တင်နက်ဆီပြည်နယ်က စပျစ်ခြံအလှအပများ မြို့သေးသေးလေးရဲ့ နွေးထွေးမှုများကိုပါ ပုံဖော်ပြသထားတာဖြစ်လို့ ဇာတ်ကားချစ်သူများ လက်မလွတ်ရလေအောင် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ..... File Size… (1.51GB) / 822MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 33m Genre … Drama , Romance Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း