ဇာတ်ကားများ ရွေးရန်

Matria

2023ဇာတ်ကားအမှတ် 6.6/10100 မိနစ်

Matria (2023) IMDb Rating (6.6) / Rotten Tomatoes (88%) ဒီ Matria ဆိုတဲ့ဇာတ်ကားကတော့ ၂၀၂၃ ခုနှစ်တုန်းက စပိန်နိုင်ငံကနေထွက်ရှိထာားတဲ့ ဆုပေါင်း ၁၁ ခုရထားတဲ့ ဘဝပေးဇာတ်လမ်းလေးတစ်ပုပ်ဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်သွားကတော့ spice of life ဒရာမာပုံဇာတ်အိမ်တည်ပြီးတော့ ဇာတ်ရုပ်အနေနဲ့ကတော့ တံငါရွာတစ်ရွာမှာနေတဲ့ အိမ်ထောင်မရှိတော့တဲ့ သက်လတ်ပိုင်းအရွယ်ကလေးအမေတစ်ယောက် သူ့သမီးလေး အရွယ်ရောက်တဲ့အချိန်မှာ ဘဝကိုဘယ်လို ခက်ခက်ခဲဖြစ်သန်းလဲဆိုတဲ့အပေါ် အခြေခံထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရာမိုနာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်း စက်ရုံမှာပဲအချိန်ပြည့်အလုပ်လုပ်ရင်း သမီးလေးကိုရုန်းကန်ကျွေးမွေးခဲ့ရသူပါ။ နောက်ပိုင်းမှာတော့ သမီးလေးအရွယ်ရောက်တဲ့အချိန်မှာ နောက်အိမ်ထောင်ထပ်ပြုလိုက်ပြီး စက်ရုံကစက်ပစ္စည်းသန့်ရှင်းရေးသမားတစ်ယောက်အနေနဲ့ပဲအလုပ်ဆက်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့သမီးလေးဟာ မိခင်ရဲ့အသက်အရွယ်အရလိုအပ်ချက်တွေကို နားမလည်ပေးနိုင်ဘဲ လူငယ်ပီပီစိတ်ဆက်ပြီး သူ့အမေနဲ့မပြေလည်တဲ့အပြင် ငွေကြေးအရပါဖူလုံမှုမရှိတာကြောင့် အဆင့်မြင့်ပညာဆက်သင်ကြားဖို့မကြိုးစားတော့ဘဲ ဘဝတက်လမ်းမရှိတဲ့အချိန်ပိုင်းအလုပ်ကိုပဲလုပ်ဖို့ အကြောင်းရှာလာပါတော့တယ်။ ဒါကို သူ့အမေကမခံမရပ်ဖြစ်ကာ အသားကုန်အလုပ်ကြိုးစားပေးမယ့်လည်း ရာမိုနာရဲ့ဘဝကြီးဟာ ဘဝကံမျက်နှာပေးခြင်းမခံရတဲ့အတွက် ဆိုးရွားတဲ့ကိစ္စတွေတစ်ခုပြီးတစ်ခုကြုံလာရပါတော့တယ်။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (1.5 GB) / (980 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:40:04 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း