Mahana (or) The Patriarch
Mahana (2016) IMDb..... 7.1 မြန်မာပြည်မှာတော့ လူသိနည်းသေးပေမဲ့ နိုင်ငံတကာမှာတော့ ချီးကျူးမှုတွေရရှိခဲ့တဲ့ Family Drama ရုပ်ရှင်ကောင်းတစ်ကားဖြစ်တဲ့ Mahana (2016) ကို တင်ဆက်ပေးလိုက်ပါတယ်။ Once Were Warriors လို နာမည်ကြီးရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Lee Tamahori ရဲ့ နောက်ထပ်လက်ရာကောင်းတစ်ခုဖြစ်ပြီး မျိုးဆက်နှစ်ခုကြားက ပဋိပက္ခနဲ့ မိသားစုလျှို့ဝှက်ချက်တွေကို အခြေခံရိုက်ကူးထားပါတယ်။ မင်းသားကြီး Temuera Morrison က မိသားစုအပေါ် သံမဏိစည်းမျဉ်းနဲ့အုပ်ချုပ်တဲ့ အဘိုးဖြစ်သူနေရာကနေ ပါဝင်ထားပြီး ဇာတ်အိမ်ကတော့ ၁၉၆၀ ခုနှစ်တွေက နယူးဇီလန်နိုင်ငံရဲ့ ကျေးလက်ဒေသမှာ အခြေတည်ထားပါတယ်။ အဲဒီမှာ သိုးမွေးညှပ်လုပ်ငန်းနဲ့ အသက်မွေးကြတဲ့ မာအိုရီလူမျိုးစုမိသားစုနှစ်ခုဖြစ်တဲ့ မဟာနာနဲ့ ပိုတာတို့ဟာ ရန်သူတွေဖြစ်ကြပါတယ်။ မဟာနာမိသားစုရဲ့ အကြီးအကဲဖြစ်တဲ့ အဘိုး "တာမီဟာနာ" ဟာ သူ့မိသားစုတစ်ခုလုံးကို သဘောထားတင်းမာစွာနဲ့ အုပ်ချုပ်ပါတယ်။ ဒါပေမဲ့ ဒီမိသားစုရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ သူ့ရဲ့မြေး ဆီမီယွန်ကတော့ အစဉ်အလာတွေကို မေးခွန်းထုတ်ပြီး အဘိုးဖြစ်သူရဲ့ အာဏာကို စတင်စိန်ခေါ်လာပါတယ်။ ရိုးရာဓလေ့ထုံးတမ်းတွေကိုပဲ ဆုပ်ကိုင်ထားချင်တဲ့ အဘိုးနဲ့ အမှန်တရားကို သိချင်တဲ့ စပ်စုတတ်တဲ့ မြေးတို့ကြားက ပဋိပက္ခတွေ ပြင်းထန်လာပါတယ်။ ဆီမီယွန်တစ်ယောက် မိသားစုနှစ်ခုကြားက ရန်ငြိုးတွေရဲ့ နောက်ကွယ်က အကြောင်းအရင်းကို စတင်စုံစမ်းပါတော့တယ်။ သူစုံစမ်းရင်းနဲ့ သူတို့မိသားစုရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ သူ့အဘိုးနဲ့ အဘွားရဲ့ အချစ်ဇာတ်လမ်းကြီးဆိုတာဟာ တကယ်တော့ လူတိုင်းထင်ထားသလို မဟုတ်ဘဲ အမှောင်မိုက်ဆုံးသော လျှို့ဝှက်ချက်ကြီးတစ်ခု ဖုံးကွယ်ထားမှန်း သိလာရတဲ့အခါ... သူ့ရဲ့စုံစမ်းမှုတွေက နှစ်ပေါင်းများစွာတည်မြဲလာတဲ့ မိသားစုရဲ့စည်းလုံးမှုကို ပြိုကွဲသွားစေမလား... အစဉ်အလာနဲ့ အမှန်တရားကြား ဗျာများရတဲ့ ကောင်လေးတစ်ယောက်ရဲ့ ရင်နင့်ဖွယ်ရာ Drama Vibe ကို ပြန်လည်ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ File Size : 1.69GB/ 750MB Quality : AMZN WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…1hr 40m Genre : Family, Drama Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း