Certified Copy
Certified Copy (2010) IMDb Rating (7.2) / Rotten Tomatoes (89%) လူဟာ တစ်စုံတရာကို အမြဲ ဖွေရှာတယ်။ အဲဒီရှာဖွေတဲ့ တစ်စုံတရာဟာ ဘာမဆိုဖြစ်နိုင်တယ်။ ကိုယ်ပိုင်အတွေးအမြင် ကိုယ်ပိုင်စံနှုန်းအရ မျိုးစုံကွဲပြားနိုင်တယ်။ မရှာတဲ့နည်းနဲ့လည်း ရှာတယ်။ ရှာတဲ့နည်းနဲ့လည်း ရှာတယ်။ တွေ့မတွေ့ကတော့ မပြောတတ်ဘူး။ ရုပ်ရှင်မှာလည်း တစ်စုံတရာကို ရှာကြတာပါပဲ။ ပြောခဲ့သလို မရှာတဲ့နည်းနဲ့ရော ရှာတဲ့နည်းနဲ့ရောပေါ့။ ဒါက ကြည့်တဲ့လူအတွက် သက်သက်ပဲမဟုတ်ဘူး။ ရိုက်တဲ့လူအတွက်လည်း အတူတူပဲ။ ရသတစ်ခုကိုလား။ အမြင်တစ်ခုကိုလား။ ရုပ်ရှင်မှာ ကျွန်တော်တို့ ဘာကိုရှာလဲ။ ရသကတော့ သေချာတယ်။ အတွေးအမြင်တစ်ခုကရှာဖွေဖို့ ဟုတ်မဟုတ်မှာတော့ အမြင်ကွဲကြတယ်။ ဒါက ဟုတ်တော့ ဟုတ်တယ် မဟုတ်ဘူး ဆိုတာမျိုးပဲ။ ဘယ်လိုလဲဆို အရွယ်တွေကြာလာတဲ့အမျှ ကျွန်တော်တို့လုပ်ရတာက ကိုယ်ပိုင်အတွေးအခေါ်တစ်ခုကို တည်ဆောက်ခြင်းပဲ။ ဒါက ခက်တော့ခက်ခဲတယ်။ မသေချာတာတွေ ဝေဝါးတာတွေချည်းပဲ ဆိုလည်း မမှားဘူး။ အမှန်ဆိုတာ မရှိဘူးလို့ ပြောလာရင်လည်း ငြင်းမရဘူး။ ကြာလာလေ ယုံချင်တာတစ်ခုကိုတော့ သေသေချာချာတည်ဆောက်ပြီး ယုံတတ်ဖို့ လိုလာလိမ့်မယ်။ မဟုတ်ခဲ့ရင် ဝေဝါးလွန်းတဲ့ ဒီကမ္ဘာကြီးမှာ ပြိုလဲသွားနိုင်တယ်။ ကောင်းတာဆိုးတာတွေထက် တစ်ခုခုကို သေသေချာချာ ယုံကြည်တတ်ဖို့ လိုလာလိမ့်မယ်။ စာအုပ်တစ်အုပ်၊ ကဗျာတစ်ပုဒ်၊ ပန်းချီတစ်ချပ်၊ ရုပ်ရှင်တစ်ကား၊ အဖြစ်အပျက်တစ်ခု။ ဘယ်ကနေဖြစ်ဖြစ် အမြင်တွေဟာ ဆင့်ပွားပြီး တစ်ဆင့်ချင်း ဝင်လာလိမ့်မယ်။ မတူတဲ့လူတွေဆီက မတူတဲ့အမြင်တွေပေါ့။ အကုန်လက်ခံဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့်ပဲ အတွေးအမြင်တစ်ခုရှာဖို့ဆိုတာ ဟုတ်လည်း ဟုတ်တယ် မဟုတ်လည်း မဟုတ်ဘူးဆိုတဲ့ အခြေအနေတစ်ခုဖြစ်နေတာ။ တစ်စထက်တစ်စ တစ်ခုခုကို အခိုင်အမာတည်ဆောက်ပြီး မလိုအပ်တာတွေ ဖယ်ထုတ်ပစ်လိုက်ဖို့လည်း ဖြစ်နိုင်တယ်။ ဒါလည်း ကိုယ်လက်ခံထားသလိုပဲ ဆက်သွားရမယ့် အပိုင်းတွေပဲ။ ရုပ်ရှင်တွေမှာ တစ်ခုခုကို သေသေချာချာတည်ဆောက်ပြီး ကြည့်ရှုသူကို ပေးတဲ့ ရုပ်ရှင်တွေလည်းရှိတယ်။ ဖန်တီးသူက သူ့ဘာသာမသေချာမှုတစ်ခုကို သေချာအောင် လုပ်ဖို့ဖြစ်ဖြစ် သူ့ကိုယ်သူမေးခွန်းပြန်ထုတ်ဖို့ဖြစ်ဖြစ် ရိုက်ထားတဲ့ ရုပ်ရှင်တွေလည်းရှိတယ်။ ဒီရုပ်ရှင်ကတော့ ဒုတိယရုပ်ရှင်အမျိုးအစားပဲ။ အမြင်တစ်ခုကို အတင်းရိုက်မသွင်းဘဲ ကိုယ့်ဘာသာမေးခွန်းထုတ်ဖို့ မေးခွန်းတွေချည်း ချပေးထားတဲ့ ရုပ်ရှင်မျိုးပေါ့။ ပြီးအောင်ကြည့်လည်း မပြီးသေးတဲ့ ရုပ်ရှင်မျိုးလို့ ပြောရလိမ့်မယ်။ ပထမတစ်ခြမ်းကို ဖန်သားပြင်ပေါ် ကြည့်ပြီး နောက်တစ်ခြမ်းကိုတော့ ကိုယ့်ဘဝထဲကိုယ်ပြန်ကြည့်ရမယ့် ရုပ်ရှင်မျိုးလို့ ပြောလို့ရတယ်။ ကျွန်တော်အခါခါပြောခဲ့ပြီးသလိုပဲ Abbas Kiarostamiရုပ်ရှင်တွေက ရုပ်ရှင်မဟုတ်တော့တဲ့ ရုပ်ရှင်တွေ။ ရုပ်ရှင်ရဲ့တစ်ဘက်ခြမ်းကို ရောက်သွားတဲ့ ရုပ်ရှင်တွေပဲ။ ဒီရုပ်ရှင်မှာလည်း သူက အဲဒီလိုအရသာမျိုးပေးနိုင်နေတုန်းပဲ။ ဆိုပေမဲ့ ဒီရုပ်ရှင်က တခြားသူ့ရုပ်ရှင်တွေနဲ့ မတူတဲ့အချက်ရှိတယ်။ ပုံမှန်ဆို ဒီလိုရုပ်ရှင်တစ်ကားက တစ်စုံတရာကိုပဲ မေးခွန်းထုတ်တတ်တယ်။ ဒီထက်နည်းနည်းပိုချင်လည်းပိုတတ်တယ်။ ဒါပေမဲ့ Certified Copy ကတော့ မတူနေဘူး။ ဘဝတစ်ခုလုံးကို မေးခွန်းထုတ်ထားတယ် ပြောရင် ပိုမှန်မယ်။ ပလေတိုပြောခဲ့တဲ့ အမှန်နဲ့အမှားကြားပြေးနေတဲ့ Art is Immitationဆိုတဲ့ စကားရှိတယ်။ အနုပညာဆိုတာ ပုံတူကူးခြင်းတဲ့။ အနုပညာဆိုတာကိုက ဘဝကိုပုံတူကူးခြင်းဆိုတဲ့ အယူအဆတစ်ရပ်ကို ရုပ်ရှင်က ဇာတ်ကောင်က ယုံကြည်တယ်။ အဲဒီယုံကြည်ချက်အတိုင်း Abbasက ယုံကြည်ခဲ့သလားတော့ မသိဘူး။ ဒီရုပ်ရှင်တစ်ခုလုံးက ဘဝတစ်ခုလုံးက မေးခွန်းတွေကို ပုံတူကူးထားသလိုဖြစ်နေတယ်။ ဇာတ်ကြောင်းကို ကျွန်တော်ရေးမပြနိုင်တာက ဇာတ်ကြောင်းက ရှိကိုမရှိနေလို့ပါပဲ။ Certified Copyဟာ တိုက်ရိုက်ညွှန်းဆိုဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့ ရုပ်ရှင်တစ်ကားပါ။ File size… (1.7 GB) / (960 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration…. 01:46:55 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း