Volcano
Volcano (1997) IMDb Rating (5.6) / Rotten Tomatoes (48%) Tommy Lee Jones နဲ့ Don Cheadle တို့ ပါဝင်ထားတဲ့ သဘာဝဘေးအန္တရာယ်ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မိုက်ခ်က သမီးဖြစ်သူ ကယ်လီ သူ့ဆီအိမ်အလည်လာတုန်း သူ့ရုံးကနေခွင့်ယူပြီး သမီးလေးနဲ့ပဲ လျှောက်လည်မယ်လို့ စိတ်ကူးထားသူတစ်ယောက်ပါ။ ဒါပေမဲ့ ဘယ်ကိုမှ လျှောက်မလည်ရသေးခင် ငလျင်တစ်ခုလှုပ်လာတဲ့အခါ သူ့ရဲ့ အရေးပေါ်တုံ့ပြန်ရေးဌာနကို အမြန်ပြေးရပါတော့တယ်။ အယ်လ်အေ တစ်မြို့လုံး ငလျင်ကြောင့် ဘာဖြစ်ပြီလဲ၊ ယာဉ်တိုက်မှုတွေဖြစ်ပြီလား၊ မီးတွေရေတွေပြတ်ပြီလား၊ ဂတ်စ်လိုင်းတွေများ ပေါက်သလား ရုံးမှာ လာစစ်တာပေါ့။ အဲဒီမှာ ဘာတွေ့လဲဆိုတော့ အယ်လ်အေမြို့၊ မက်ခ်အာသာပန်းခြံအနီးမှာ ရေနုတ်မြောင်းထဲ ဆင်းပြီးအလုပ်လုပ်နေတဲ့ ဝန်ထမ်း ၇ဦး မီးလောင်ကျွမ်းပြီး သေဆုံးသွားတာပဲ။ ငလျင်ကြောင့် ရေနွေးငွေ့ပိုက်လိုင်း ပေါက်ကာ ရေနွေးငွေ့ပူလောင်ပြီး သေတာဆိုပြီး ချက်ချင်းသတင်းထုတ်ရတာပေါ့။ ဒါပေမဲ့ မိုက်ခ်က သူကိုယ်တိုင် အဲဒီရေနုတ်မြောင်းထဲ ဆင်းကြည့်လိုက်ချိန်မှာ အခြေအနေမဟန်တော့မှန်း သိလိုက်တယ်။ ထိခိုက်မှုဖြစ်တဲ့ အဲဒီအပိုင်းကို ဂတ်စ်လိုင်းတွေပိတ်၊ အသစ်စက်စက်ပြေးဆွဲနေတဲ့ ရထားလိုင်းတွေကိုလည်း ပိတ်ခိုင်းတာပေါ့။ ဒါအပြင် သူက ချက်ချင်းပဲ ဘူမိဗေဒပညာရှင်ကို လှမ်းခေါ်တော့ အေမီဆိုတဲ့ ပညာရှင်မလေးက ရောက်လာတယ်။ ဒါက ကျောက်ရည်ပူ ခေါ် ချော်ရည်ပူတွေကြောင့် ဖြစ်နိုင်တယ်လို့ သူမကဆိုလာတော့ မိုက်ခ် အပါအဝင် အခုမှစပြီး မြေအောက်ရထားပြေးဆွဲနေတဲ့လူတွေကလည်း ဘယ်လက်ခံချင်ပါ့မလဲ။ နောက်တစ်နေ့ မနက် လူတွေအားလုံး အိပ်နေချိန်မှာ ရှေ့ရက်ကထက် ပိုပြီးပြင်းထန်တဲ့ ငလျင်တစ်ခုက လှုပ်ခတ်လာတဲ့အချိန်မှာတော့...။ မှတ်ချက်တွေကတော့ အကောင်းအဆိုးရောပြွန်းနေပေမယ့်လို့ ရုံတင်ဝင်ငွေက မြတ်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်က ရုပ်ရှင်ဖြစ်တဲ့အတွက် ချော်ရည်ပူတွေက လူတွေကားတွေကို ဝါးမျိုသွားတဲ့ပုံစံ၊ မီးခိုးလုံးတွေလှိုက်တက်လာတဲ့ပုံစံတွေက ခေတ်နောက်ကျတယ်လို့ မြင်စရာရှိပေမယ့် ဇာတ်လမ်းတလျှောက်လုံး ရင်တထိတ်ထိတ်ဖြစ်အောင် လုပ်ပြနိုင်ပါတယ်။ မိခင်သဘာဝကြီးက ဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုတာကို ရိုက်ပြသွားတာဖြစ်သလို RESPONSIBILITY ဆိုတဲ့စကားကို လှိုင်လှိုင်သုံးပြီး သူတို့နိုင်ငံရဲ့ တာဝန်ယူမှုတာဝန်ခံမှုဟာ ဘယ်လောက်ထိအားကျစရာကောင်းတယ်ဆိုတာကို ပြသွားပါသေးတယ်။ File size… (3 GB) / (1.7 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Drama,Science Fiction,Thriller Duration…. 01:44:06 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း