ဇာတ်ကားများ ရွေးရန်

The Edge

1997ဇာတ်ကားအမှတ် 6.8/10117 မိနစ်

The Edge (1997) IMDb Rating (7.0) / Rotten Tomatoes (63%) " Never Feel Sorry For a Man who owns a plane " , " "what one man can do, another can do" စတဲ့နာမည်ကျော် စကားစုများစွာ ပါဝင်တဲ့ " The Edge " ရုပ်ရှင်ဟာ စာစီစာကုံးတစ်ပုဒ်ကိုဖတ်နေရသလိုမျိုး နိဒါန်း/စာကိုယ်/နိဂုံးဆိုပြီးတော့ သုံးပိုင်းခွဲခြားလို့ရနိုင်ပါတယ်။ နိဒါန်းမှာတော့ ငယ်ငယ်ချောချောမော်ဒယ်မလေးနဲ့ ခင်ပွန်းဖြစ်သူ ဘီလီယံနာ သူဌေးကြီးတို့ မြောက်ဘက်တောရိုင်းဒေသဘက်ကို မော်ဒယ်မလေးရဲ့ " Photo Shoot " အတွက် ရိုက်ကူးရေးအဖွဲ့သားများနဲ့အတူ အလည်အပတ်ခရီးထွက်ခဲ့ကြပုံနဲ့ အစပျိုးထားပါတယ်။ ဘီလီယံနာသူဌေးကြီးဖြစ်တဲ့အတွက်ကြောင့် ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးနှင်ခဲ့ကြပါတယ်။ စာကိုယ်မှာတော့ မော်ဒယ်မလေးကို ဒိုင်ခံရိုက်ကူးပေးနေတဲ့ ဓာတ်ပုံဆရာဟာ သဘာဝဆန်ဆန်ပို့စ်ပေးနိုင်မယ့်သူကိုသာလိုချင်တာဖြစ်လို့ "Alaskan" တောရိုင်းဒေသဘက်မှာသူလိုချင်တဲ့လိုရှိကြောင်းသတင်းကြားသိရတဲ့အတွက်ကြောင့် သူရဲ့လက်ထောက်နဲ့အတူ ဘီလီယံနာသူဌေးကြီးကိုပါလိုက်ခဲ့ဖို့ ခေါ်ခဲ့ပါတော့တယ်။ ခရီးကိုတော့ လေယာဉ်နဲ့သာနှင်နိုင်မှာဖြစ်ပါတယ်။ ကံဆိုးချင်တော့ ရာသီအလိုက်ရွှေ့ပြောင်းလာတဲ့ငှက်အုပ်တွေနဲ့ လေယာဉ်နဲ့တိုက်မိပြီးတော့ လေယာဉ်ပျက်ကျသွားခဲ့ကာ သုံးယောက်စလုံး တောထဲမှာပဲ ပိတ်မိနေခဲ့ပါတော့တယ်။ ရာသီဉတုကအေးတာကတစ်ကြောင်း ရက်ပေါင်းများစွာ ပိတ်မိနေလို့ စားဖို့သောက်ဖို့ ရုန်းကန်နေရတာက တစ်ကြောင်းကိုမှ လူကိုသာအဓိကထားပြီးတော့ အမဲလိုက်တဲ့ ဝက်ဝံကြီးတစ်ကောင်ရဲ့ ရန်ကိုလည်း ကြောက်နေရပြန်ပါတယ်။ နိဂုံးပိုင်းမှာတော့ ကယ်ဆယ်မယ့်သူက လွယ်လွယ်နဲ့ရောက်မလာတော့ ရုန်းကြကန်ကြရင်း ဝက်ဝံကြီးရန်ကနေ ကာကွယ်ကြရင်း " plot twist " ကြီးတစ်ခုဟာ အထင်းသားပေါ်ပေါက်လာခဲ့ပါတော့တယ်။ " plot twist " ကြီးနှင့်အတူ စာအရမ်းဖတ်သော်ငြားလည်း စာအုပ်ထဲကစာတွေကို အပြင်မှာတစ်ခါမှလက်တွေ့အသုံးမချဖူးသူ ဘီလီယံနာသူဌေးကြီး၏ စိတ်ဝင်စားဖွယ် နောက်ခံအကြောင်းအရာများ စသဖြင့်စုံစုံလင်လင်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ Cinematography ဟာ အရမ်းကိုမှလှပခမ်းနားသလို ဂန္တဝင်မင်းသားကြီးတွေဖြစ်ကြတဲ့ " Anthony Hopkins " , " Alec Baldwin " စသဖြင့် နာမည်ကျော်သရုပ်ဆောင်များစွာပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားထဲက ဝက်ဝံကြီးရဲ့နေရာမှာလည်း CGIကိုအစာထိုးအသုံးမပြုထားဘဲနဲ့ ရုပ်ရှင်ပေါင်းများစွာ စီးရီးပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ဆုံးပါးသွားခဲ့ပြီလည်းဖြစ်တဲ့ " Bart The Bear " ဆိုတဲ့ ပညာရှင်ကနေ သေသေချာချာလေ့ကျင့်ပြုစုပျိုးထောင်ပေးထားတဲ့ ဝက်ဝံကြီးမှလည်းပါဝင်အားဖြည့်ပေးထားပါတယ်။ File size… (2.4 GB) / (1.4 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Adventure,Drama Duration…. 01:57:54 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း