Tabayyun
Tabayyun (2025) IMDb Rating (6.6) ဒရာမာကားကောင်းလေးတွေ ရှားပါးနေတဲ့ ဒီလိုအချိန်မှာ ၂၀၂၅ခုနှစ်ထွက် အင်ဒိုနီးရှားဇာတ်ကားကောင်းလေးတစ်ခု လာပါပြီဗျာ။ ဇာတ်ကားတစ်ခုကို ကြည့်တဲ့အခါမှာ အဓိကသရုပ်ဆောင်တွေကို ကြိုက်လို့ ဒါမှမဟုတ် ဇာတ်လမ်းဇာတ်ကွက်ကို ကြိုက်လို့ သွားကြည့်တတ်ကြပါတယ်။ ဇာတ်ကားကောင်းတစ်ခုဟာဆိုရင် ကြည့်ရှုသူကို အသိအမြင်တစ်ခုပေးစွမ်းနိုင်တယ်၊ ခံစားမှုရသတစ်ခုကို ခံစားရစေတယ်၊ စဉ်းစားတွေးခေါ်စရာတွေကို ပေါ်လာစေတယ်။ ဒီဇာတ်ကားလေးဟာဆိုရင် ဒါတွေအားလုံးပါတဲ့ ဇာတ်ကားကောင်းတစ်ခုပါလို့ အရင်ဆုံးပြောပါရစေ။ ဒီဇာတ်ကားဟာဆိုရင် စင်ဂယ်မားသားတစ်ဦးရဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ။ ဒါပေမယ့် သူ့ရဲ့အတိတ်က မရိုးရှင်းပါဘူး။ ဇာလီနာရဲ့ အမေဟာ စင်ဂယ်မားသားတစ်ဦးဖြစ်ပါတယ်။ ပြည့်တန်ဆာအဖြစ်နဲ့ ပတ်ဝန်းကျင်ရဲ့ ရှုံချမှုကိုခံရင်း သမီးဖြစ်သူ ဇာလီနာကို ကောလိပ်ရောက်အောင် ပို့နိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ဇာလီနာဟာ ပထွေးဖြစ်သူရဲ့ အဓမ္မကျင့်ခြင်းကို ခံခဲ့ရပါတယ်။ မိခင်ဖြစ်သူကလည်း ပထွေးကို နေရာတွင်ပဲ အသေသတ်ပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဇာလီနာတို့သားအမိရဲ့ အနာဂတ်ရည်မှန်းချက်တွေဟာ ပျက်သုန်းခဲ့ရပြီး မိသားစုအသိုက်အမြုံလေးလည်း ပျက်စီးခဲ့ရပါတော့တယ်။ တစ်ရပ်တစ်ကျေးမှာ ဘဝတစ်ခုကိုထူထောင်ဖို့ သွားခဲ့ပေမယ့် ပထွေးရဲ့ကိုယ်ဝန်ကို လွယ်ခဲ့ရတဲ့ ဇာလီနာအဖို့ ဒီကလေးအပေါ် နာကျည်းစိတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မွေးလာတဲ့ကလေးလေးရဲ့မျက်နှာကို မြင်ပြီးနောက်မှာ ဇာလီနာအနေနဲ့ မကောင်းတဲ့စိတ်တွေရှင်းသွားပြီး ဒီကလေးကို ယုယုယယနဲ့ပြုစုပျိုးထောင်ပါတော့တယ်။ ဒီလိုအမေတစ်ခုသားတစ်ခုဘဝနဲ့ ဘဝကိုရိုးရိုးရှင်းရှင်းနေထိုင်နေတဲ့ ဇာလီနာကို သူအလုပ်လုပ်တဲ့ကုမ္ပဏီက သူဌေးမရဲ့သား အာရ်လိုက ချစ်မိခဲ့ပါတော့တယ်။ အာရ်လိုအနေနဲ့ကလည်း ဖခင်မရှိဘဲနေလာရတဲ့သူဖြစ်တဲ့အတွက် ဇာလီနာရဲ့သားလေးအပေါ် စာနာသနားစိတ်ဖြစ်မိပြီး ဇာလီနာအပေါ်လည်း မေတ္တာသက်ဝင်ခဲ့ပါတယ်။ သားဖြစ်သူကို အိမ်ထောင်ဖက်အရွေးမမှားစေချင်တဲ့ အာရ်လိုရဲ့အမေ၊ အာရ်လိုရဲ့ဘဝတစ်လျှောက်လုံးမှာ အမြဲတမ်းနေရာတစ်ခုရှိနေခဲ့ပြီး မိဘချင်းသဘောတူထားတဲ့ အာရွန်၊ မိသားစုတစ်ခုရဲ့ပျော်ရွှင်မှုကို အခုမှခံစားဖူးပြီး စွန့်လွှတ်ခြင်အချစ်မျိုးနဲ့ ချစ်မိနေတဲ့ အာရ်လို၊ အတိတ်ဆိုးကို ဖုံးကွယ်ပြီး သားဖြစ်သူနဲ့အတူ ဘဝအသစ်စနေတဲ့ ဇာလီနာ.... ဒါတွေအားလုံးထိပ်တိုက်တွေ့လာတဲ့အခါမှာ ဘာတွေဖြစ်ကုန်မှာလဲ.....။ ဒီဇာတ်ကားမှာ အကောင်းဆုံးအပိုင်းကတော့ ဇာတ်ကောင်တွေရဲ့ dialogue တွေပဲဖြစ်ပါတယ်။ ဘဝရေးရာတွေပါတဲ့ ဇာတ်ဆောင်၊ ဇာတ်ပို့တွေရဲ့ အပြန်အလှန်ပြောစကားတွေဟာ ဇာတ်လမ်းကို အထွတ်အထိပ်ရောက်စေပါတယ်။ နောက်ထပ်ကြိုက်မိတဲ့ အရာကတော့ ဇာတ်ဝင်တေးပဲဖြစ်ပါတယ်။ အင်ဒိုသီချင်းတွေနဲ့ မရင်းနှီးပေမယ့် ဒီဇာတ်ကားရဲ့ OST တွေဟာ ဘောလီဝုဒ်သီချင်းတွေလိုပဲ ဇာတ်ဝင်ခန်းတွေကို ဇာတ်ရှိန်တက်စေတာကို တွေ့ရပါတယ်။ Drama စစ်စစ်ကြိုက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ကြည့်ရင်လည်း တစ်သျှူးလေးကို ဘေးနားဆောင်ထားဖို့ သတိပေးလိုက်ပါတယ်ဗျာ။ File size… (1.4 GB) / (840 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:52:41 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း