ဇာတ်ကားများ ရွေးရန်

Best of Times

2009ဇာတ်ကားအမှတ် 6.9/10112 မိနစ်

ဒီကားလေးကတော့ အသက်ကြီးပြီးအိုမင်းလာပေမဲ့လည်း အချစ်ဆိုတာလူတိုင်းနဲ့ထိုက်တန်ကြောင်း ကြိုးစားပြီးအရှုံးမပေးဘဲနဲ့ အချစ်စစ်နဲ့ချစ်ခဲ့ရင် ကံကြမ္မာကပြန်ဆုံစည်းခွင့်ပေးမယ်ဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြချင်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဗျ။ ဇာတ်ကားလေးရဲ့အကြောင်းအရာကတော့ ကိန် လို့ခေါ်တဲ့ တိရိစ္ဆာန်ကုဆရာဝန်လေးဟာ ကျောင်းကသူငယ်ချင်းတွေ ပြန်တွေ့ဆုံပွဲမှာ အွမ်ဆိုတဲ့သူ့ငယ်သူငယ်ချင်းနဲ့ ပြန်ဆုံခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ကိန်နဲ့အွမ် ဟာ လမ်းအပြန်မှာ ကားမောင်းရင်းမူးလာကြတဲ့အတွက် ရဲဖမ်းတာခံလိုက်ရပါတယ်။ သူတို့အချုပ်ကြနေချိန်မှာပဲ ဖာဝ်လို့ခေါ်တဲ့ အွမ်ရဲ့ရည်းစားဟောင်းက ငွေရှင်းအာမခံပြီးပြန်လာထုတ်ပေးပါတော့တယ်။ မထင်မှတ်ထားတာက ကိန်ဟာ ဖာဝ်ကိုကျောင်းကတည်းက ချစ်ကြိုက်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီ အချိန်တုန်းက သူ့ရဲ့သူငယ်ချင်း အွမ်နဲ့တွဲနေတဲ့အတွက် ရှေ့ဆက်မတိုးခဲ့ပါဘူး။ ဖာဝ်ဟာလည်း အွမ်နဲ့ပြတ်သွားခဲ့ပေမဲ့ တစ်နေ့သူ့ဆီကို အွမ်ပြန်လာမယ်ထင်ပြီး စောင့်နေပါသေးတယ်။ ဒီလိုတွေနဲ့ခံစားချက်ကိုယ်ဆီရှိနေကြတဲ့ အတောအတွင်းမှာ ကိန်ဟာသက်ကြီးရွယ်အိုတွေကို ကွန်ပျုတာသင်ပေးရမဲ့ သင်တန်းမှာဆရာဝင်လုပ်ရပါတော့တယ်။အဲဒီအထဲမှာ ဂျာ့မ်ရာလိုခေါ်တဲ့ဦးလေးနဲ့ ဆွန်ဖစ်လိုခေါ်တဲ့အန်တီတို့ဟာ အချင်းချင်းခံစားချက်တွေရှိနေကြတယ်။ ဒီလိုအသက်ကြီးနေပေမဲ့ ဖြူစင်တဲ့အချစ်ပန်းလေးဟာ ပွင့်လန်းလာပြီးဘယ်လိုညှိသွားမလဲဆိုတာကို ကိန်ဟာ တစဖက်ရှုထောင့်ကနေကြည့်ရမှာဖြစ်ပြီး သူနဲ့သူ့ရဲ့ crush ဖာဝ်တို့ဆက်ဆံရေးဟာလည်း ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုတော့..... Quality.....WebRip 1080p / 720p File Size.....(2.3 GB) / (1.2 GB) Duration.....01:57:00

ဇာတ်လမ်းအကြောင်း