ဇာတ်ကားများ ရွေးရန်

Ellige Payana Yavudo Daari

2024ဇာတ်ကားအမှတ် 8.4/10132 မိနစ်

Ellige Payana Yavudo Daari (2024) "ဘယ်သွားမှာလဲ" စိတ်ဝင်စားစရာ ကန်နာဒါစကားပြော အိန္ဒိယသည်းထိတ်ရင်ဖိုရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအစ တောင်တွေဝန်းရံနေတဲ့ ဗီရက်ဂျ်ပတ်မြို့လေးက စိတ္တဇဆေးရုံမှာ စိတ်ရောဂါသည်တစ်ယောက်က အမျိုးသမီးစိတ်ရောဂါသည်တစ်ယောက်ကိုဖမ်းသွားပြီး ရဲတပ်ဖွဲ့က လိုက်ရှာမရတဲ့ထိ ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီမြို့မှာပဲ ခေါင်းမပါတဲ့ အမျိုးသမီးအလောင်းနှစ်လောင်းတွေ့ပြီးတဲ့နောက် မြို့ထဲမှာ အုတ်အော်သောင်းနင်းဖြစ်လို့နေပါတယ်။ ဒီအဖြစ်အပျက်တွေနဲ့အတူ အာမာဆိုတဲ့ ပန်းချီဆရာတစ်ယောက် ဗီရက်ဂျ်ပတ်မြို့ဆီ သူ့ရဲ့ ရှေးဟောင်းကွန်တက်ဆာကားကြီးနဲ့ ခရီးနှင်လာနေခဲ့တယ်။ တောထဲက ကုန်စုံဆိုင်လေးမှာ ဆိုင်ရှင်အဘိုးကြီးက ဘယ်သူ့ကိုမှတင်ခေါ်မသွားနဲ့ မှာလိုက်တဲ့ကြားက လူစိမ်းသုံးယောက်ကို တင်ခေါ်မိခဲ့ရာကနေ အပေါ်ကအဖြစ်အပျက်တွေရဲ့ တရားခံက သူတို့လေးယောက်နဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။ File size… 1.89 GB / 984 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….02:13:02 Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း